သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတဖြစ်ရေး ကြိုးပမ်းမှု ဘန်ကီမွန်းလက်လှေ ျာ့


သမ္မတရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတဲ့ ဘန်ကီမွန်း
သမ္မတရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတဲ့ ဘန်ကီမွန်း

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အနားယူခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း အနေနဲ့ လာမယ့် တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲကို ဝင်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဗုဒ္ဓဟူး မနေ့တုန်းက ရုတ်တရက် ကြေညာလိုက် ပါတယ်။ သမ္မတအဖြစ် ဝင်အရွေးချယ်ခံဖို့ သတင်းထွက်နေတဲ့ ဘန်ကီမွန်း ရဲ့ အခုလို ကြေညာချက်နဲ့ ပတ်သက်ပြီး နိုင်ငံရေးရှုပ်ထွေးမှုတွေ ကြုံနေရတဲ့ တောင်ကို ရီးယား ပြည်သူတွေကတော့ သိပ်ပြီး အံ့သြတကြီး မဖြစ်ကြဘူးလို့ နိုင်ငံရေးလေ့လာ သူတချို့က မြင်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထား ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ဘန်ကီမွန်းဟာ တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲကိုဝင်ဖို့ ပြင်ဆင်နေခဲ့ရာက သူ့အနေနဲ့ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်တော့မှာမဟုတ်ဘူးလို့ ဖေဖေါ်ဝါရီ ၁ ရက် ဗုဒ္ဓဟူးနေ့မှာ ရုတ်တရက်ကြေညာလိုက်တာပါ။ လက်ရှိလွှတ် တော်က အရေးယူဖို့ ပြင်ဆင်နေတဲ့ သမ္မတ ပတ်ဂွမ်ဟေးရဲ့ နိုင်ငံရေး အရှုပ်တော်ပုံတွေကို သူတွေ့ရတဲ့ အတွက်တောင်ကိုရီးယားနိုင်ငံရေး လောကကို စိတ်ပျက်မိကြောင်း မစ္စတာ ဘန်ကီမွန်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“ ခေတ်နောက်ကျပြီး - တကိုယ်ကောင်းဆန် ၊ အမြင်ကျဉ်းမြောင်းတဲ့ တချို့သော နိုင်ငံရေးသမားတွေကြောင့် ကျနော် အင်မတန်မှ စိတ်ပျက်မိပါတယ်။ ဒီလိုလူတွေနဲ့ ရှေ့ဆက်သွားရင် အဓိပ္ပါယ်ရှိမှာ မဟုတ်တဲ့အတွက်ကြောင့်အခုလို ကျနော့်ဆုံးဖြတ်လိုက်ရတာပါ ”

သူအခုလို ဆုံးဖြတ်လိုက်တာအတွက် တောင်းပန်ကြောင်းနဲ့ သူ့ဆုံးဖြတ်ချက်ကို ပြည်သူတွေက နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဘန်ကီမွန်းက ပြောပါတယ်။

အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘန်ကီမွန်းဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန် မထမ်းဆောင်ခင် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၀၄ ကနေ ၂၀၀၆ ထိ ၂နှစ်ကြာတာဝန်ယူခဲ့ဖူးပါတယ်။

ဘန်ကီမွန်းဟာ တောင်ကိုရီးယားကို ပြီးခဲ့တဲ့လက ပြန်လာခဲ့ပြီး ဌာနေမှာ သူ့အတွက် ထောက်ခံမှုရရှိဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လူထုနဲ့ ထိတွေ့ဖို့ ကြိုးပမ်းရာမှာ အပြစ်တင်စရာတွေနဲ့ တွေ့ကြုံခဲ့ရပြီး သူ့ဆွေမျုးိသားချင်းထဲက စီးပွားရေးအရှုပ်တော်ပုံကြောင့် အခက်အခဲကြုံခဲ့ရပါတယ်။ သူ့အနေနဲ့ ရှေးရိုးဝါဒီ နိုင်ငံရေးပါတီကနေ ဝင်အရွေးခံဖို့ ကြိုးစားခဲ့ပေမယ့်လဲ ပါတီရဲ့ထောက်ခံမှုမရခဲ့ပါဘူး ။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ပူချွန်းမြို့ မှာနေတဲ့ ကိုရီးယားအရေးလေ့လာသူ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“ အဓိကကတော့ ပြည်သူလူထုတွေ အနေနဲ့က အကျင့်ပျက်ချစားမှုနဲ့ ကြုံတွေ့နေရတဲ့ သမ္မတ ပတ်ဂွမ်ဟေးပါတီကဖြစ်တဲ့ မစ္စတာ ဘန်ကီမွန်းကို သမ္မတ အနေနဲ့ ရွေးမယ် ဆိုလို့ရှိရင် ပြည်သူလူထုရဲ့ စိတ်ပါဝင်စားမှုက အားရလောက်အောင် မရှိပါဘူး။ ဘာလို့လဲဆိုတော့ ပြည်သူတွေဟာ လက်ရှိသမ္မတ ပတ်ဂွမ်ဟေးရဲ့ ပါတီကို စိတ်ပျက်နေတာရယ် ၊ ပါတီက လွှတ်တော်အမတ်တွေဟာ သမ္မတ ပတ်ဂွမ်ဟေး နဲ့အတူ ချစားနေကြတယ်၊ ပါတီဝင်တွေဟာလည်း ကိုယ်ကျိုးကို လုပ်နေကြတယ် လို့ ပြည်သူ အများစုက မြင်နေကြတာပါ။ အဲဒါကြောင့်မို့လို့ နိုင်ငံတကာ ရဲ့ ပြယုဒ်လည်းကောင်းပြီး ကိုရီးယားနိုင်ငံမှာလည်း image ကောင်းမယ်ထင် ပြီးတော့ UN အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းကို သမ္မတနေရာမှာ ထိုးတင်ပါတယ်။ နောက်တခုက သူ့ရဲ့နောက်ခံ နိုင်ငံရေးအုပ်စုအရ အင်အားတောင့် တင်းမှု မရှိဘူး။ နောက်တချက်က သူ့ရဲ့ဆွေမျိုးသားချင်းတော်စပ်သူ တဦးဟာ ဗီယက်နမ်နဲ့ အခြားနိုင်ငံတွေမှာ စီးပွာရေးတွေ အကြီးအကျယ်လုပ်ပြီးတော့ လပ်စားအကျင့်ပျက်မှုတွေ ဖြစ်နေတဲ့ အကြောင်းအရာတခုကလည်း ပါပါတယ်။ အဲဒီအတွက်ကြောင့်မို့ သမ္မတ နေရာမှာ ဘန်ကီမွန်းက ဝင်ရွေးချယ်မယ် ဆိုလို့ ရှိရင်လည်း အနိုင်ရဖို့ထက်စာရင် အရှုံးကိုပဲတွေ့လိမ့်မယ်၊ အဲဒါကြောင့် သူ့အတွက် အလားအလာ မကောင်းဘူးပေါ့။ ဒါကြောင့်မို့ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ သူ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူးလို့ ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ် ”

တောင်ကိုရီးယားဖွဲ့စည်းပုံတရားရုံးက လက်ရှိသမ္မတ ပတ်ဂွမ်ဟေးအပေါ် အဂတိလိုက်စားမှုနဲ့ အရေးယူသင့်မသင့် သုံးသပ်နေပြီး အခုလအတွင်း ဆုံးဖြတ် မှာ ဖြစ်ပါတယ်။ တကယ်လို့ အရေးယူဖို့ ဆုံးဖြတ်ခဲ့ရင် သမ္မတအနေနဲ့ ရာထူးက နှုတ်ထွက်ပေးရမှာဖြစ်ပြီး တောင်ကိုရီးယားသမ္မတ သစ်အတွက်ရွေးကောက် ပွဲကို နောက် ၂လအတွင်း ကျင်းပရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG