သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီလီယံနာ ပရဟိတအလှူ ရှင် David Rockefeller (၁၀၁ နှစ်) ကွယ်လွန်


ဘီလီယံနာ ပရဟိတအလှူ ရှင် David Rockefeller
ဘီလီယံနာ ပရဟိတအလှူ ရှင် David Rockefeller

အမေရိကန် အရင်းရှင်စံနစ်နဲ့အတူ ဒွန်တွဲ တည်ရှိခဲ့တဲ့ ဘီလီယံနာ ပရဟိတအလှုရှင် သူဌေးကြီး David Rockefeller ဟာ တနင်္လာနေ့က အိပ်ပျော်စဉ်အတွင်း ကွယ်လွန်သွားပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၁၀၁ နှစ် ရှိပြီဖြစ်ပါတယ်။

Chase Manhattan ဘဏ်ကြီးရဲ့ အကြီးအကဲဟောင်းဖြစ်သူ ကွယ်လွန်သူ David Rockefeller ဟာ ၁၉ ရာစုနှစ်အတွင်း Standard ဧရာမ ရေနံကုမ္ပဏီကြီးကို စတင် တည်ထောင်ခဲ့သူ John D. Rockefeller ရဲ့ မြေးတော်သူ ဖြစ်ပါတယ်။

David Rockefeller ဟာ မိသားစုရဲ့ နံမည်ကို ထိန်းသိမ်းရင်း အမေရိကန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ အရင်းရှင် စီးပွားရေးစံနစ်ကို အပြင်းအထန် ထောက်ခံ အားပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်ဆောင်စဉ်အတွင်း တဦးတယောက်မှ နောက်ကျ ကျန်မနေခဲ့အောင်လည်း ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။

အခွန်မဆောင်လိုတဲ့ တခြား ဘီလီယံနာ သူဌေးတွေကိုလည်း David Rockefeller က ဝေဖန် ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံအတွင်း ပန်းချီ၊ အနုပညာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကိစ္စရပ်တွေအတွက် အလှုငွေတွေ ထည့်ဝင်တာအပါအဝင် သူတို့ မိသားစုပိုင် ချမ်းသာကြွယ်ဝမှုတွေကို ပရဟိတ လုပ်ငန်းတွေအတွက် လှုဒါန်းကြဖို့အတွက်လည်း David Rockefeller တိုက်တွန်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG