သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ကြက်ငှက်တုတ်ကွေး သေဆုံးသူ ၇၉ ဦးထိ ရှိ


တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့လက H7N9 ကြက်ငှက်တုတ်ကွေးရောဂါပိုး တွေ့ခဲ့တဲ့သတင်း ထွက်ပြီးတဲ့နောက် ရောဂါပိုးကူးစက်တဲ့ ဖြစ်ရပ်ပေါင်း ၂၀၀ နီးပါးကနေ သေဆုံးသူ ၇၉ ယောက်အထိ ရှိသွားပါပြီ။

ဒီကြက်ငှက်တုပ်ကွေးရောဂါပိုးကို တရုတ်မှာ ၂၀၁၃ ခုနှစ်က စတွေ့ခဲ့ပြီး အဲဒီအချိန်ကစလို့ ဆောင်းရာသီတိုင်းမှာ ပြန်ပြန်ပေါ်လာနေတာပါ။ ဒါကြောင့်လဲ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းကဆိုရင် တရုတ်မှာ ဒီရောဂါကြောင့် သေဆုံးသူအရေအတွက် ၁၀၀ ထိဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကတော့ ရောဂါပိုးကူးစက်တဲ့ဖြစ်ရပ်ပေါင်း ၁၀၀ ကျော်လေးပဲရှိခဲ့ပြီး သေဆုံးသူ ၂၀ ရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်နှံ့မှု တားဆီးကာကွယ်ဖို့အတွက် ပြည်နယ်အတော်များများမှာ လုပ်ဆောင်နေတယ်လို့ အစိုးရပိုင် Global Times သတင်းစာက ဗုဒ္ဓဟူးနေ့မှာဖော်ပြပါတယ်။ Sichuan ပြည်နယ်အနောက်တောင်ပိုင်း၊ Hunan ပြည်နယ် အလယ်ပိုင်း၊ Zhejiang ပြည်နယ် အရှေ့ပိုင်းတို့မှာ ကြက်ဘဲငှက် အရှင်ရောင်းတာတွေကို ရပ်ဆိုင်းထားပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ ဒီလိုရပ်ဆိုင်းထားမှာဖြစ်ပြီး ကြက်ဘဲငှက်ဈေးတွေအားလုံးကို အသေအချာ သန့်ရှင်းဖို့နဲ့ ပိုးသတ်ဖို့ ညွှန်ကြားထားတယ်လို့ People’s Daily သတင်းစာကဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG