သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိုကိုဟာရမ်းမ် ပြန်ပေးဆွဲခံရ မိန်းကလေးတဦး အသက်ရှင်ပြန်တွေ့


ဘိုကိုဟာရမ်းမ် ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရတဲ့ မိန်းကလေးငယ် ၂၁၉ ယောက်
ဘိုကိုဟာရမ်းမ် ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရတဲ့ မိန်းကလေးငယ် ၂၁၉ ယောက်

နိုင်ဂျီးရီးယားနိုင်ငံ၊ Chibok မြို့လေးကနေ ဘိုကို ဟာရမ်းမ် စစ်သွေးကြွတွေ ပြန်ပေးဆွဲ ဖမ်းခေါ်သွားတဲ့ မိန်းကလေးငယ်တဦးကို အသက်ရှင်လျက် ပြန်တွေ့ရတယ်လို့ အရပ် ခေါင်းဆောင်တဦးက ပြောပါတယ်။

Amina Ali Nkeki ဟာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရတဲ့ မိန်းကလေးငယ် ၂၁၉ ယောက်ထဲက တဦးဖြစ်ပါတယ်။

Bring Back Our Girls ဆိုတဲ့အဖွဲ့ထဲက Abuja မြို့တော်အခြေစိုက် Chibok အရပ်ခေါင်းဆောင်တဦးဖြစ်သူ Tsambido Hosea Abana က အဲဒီ မိန်းကလေးကိုပြန်တွေ့တဲ့အကြောင်း Twitter မှာရေးတာပါ။ Borno ပြည်နယ်၊ Sambisa သစ်တောဒေသထဲမှာ အရပ်သား လူမှုဝန်ထမ်း ကင်းအဖွဲ့တွေက အဲဒီမိန်းကလေးကို အင်္ဂါနေ့မှာ ပြန်တွေ့တာပါ။ သစ်တောထဲမှာ မိန်းကလေး လျှောက် သွားနေတာကို တွေ့ခဲ့ရတာလို့ ဦးလေးဖြစ်သူ Yakubu Nkeki က AP သတင်းဌာနကို ပြောပါတယ်။

Amina ဟာ ကိုယ်ဝန်ရှိနေပြီး အထိတ်တလန့်ဖြစ်နေတာကလွဲလို့ အခြေအနေကောင်းတယ်လို့ ဆိုပါတယ်။ နိုင်ဂျီးရီးနိုင်ငံ အရှေ့မြောက်ပိုင်း Chibok မြို့ ကျောင်းသူဆောင်ကနေ အဲဒီကျောင်းသူလေးတွေကို ဘိုကို ဟာရမ်းမ် စစ်သွေးကြွတွေက ညဘက်မှာ ဝင်ဖမ်းပြီး ခေါ်သွားကြတာ ပါ။ အဖမ်းခံရချိန်က Amina ဟာ အသက် ၁၇ နှစ်ပဲရှိပါသေးတယ်။ သူ့ကို ပြန်တွေ့ ပြီးတဲ့နောက် အင်္ဂါနေ့ညမှာ Chibok မြို့ကို ပြန်ခေါ်သွားပြီးတဲ့နောက် မိသားစုဆီ ပြန်ရောက်သွားပါပြီ။

ဖမ်းခေါ်သွားခံရတဲ့ Chibok ကျောင်းသူလေးတွေအပါအဝင် အရပ် သားတွေအားလုံးကို ကယ်တင်ရေး စစ်ဘက်ရဲ့ ကြိုးပမ်းချက် တွေကို တားဆီးလို့မရဘူးလို့ နိုင်ဂျီးရီးယားနိုင်ငံ၊ ကာကွယ်ရေး ဆိုင်ရာ သတင်းထုတ်ပြန်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် Rabe Abubakar က ဧပြီလမှာ ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG