သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မယ့် အမျိုးသမီး ၃ ဦး ပြင်သစ်ရဲ ဖမ်းဆီး


Boussy-Saint-Antoine အကြမ်းဖက်မယ့် အမျိုးသမီး ၃ ဦး ပြင်သစ်ရဲ ဖမ်းဆီးစဉ်
Boussy-Saint-Antoine အကြမ်းဖက်မယ့် အမျိုးသမီး ၃ ဦး ပြင်သစ်ရဲ ဖမ်းဆီးစဉ်

ဆီးရီးယားက IS အဖွဲ့ရဲ့ ညွှန်ကြားချက်အရ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ၊ အမျိုးသမီး အကြမ်းဖက် ကလပ်စည်း တခုကို ဖြိုခွင်းလိုက်နိုင်တယ်လို့ ပြင်သစ် အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ ပါရီမြို့တော်ကနေ VOA သတင်းထောက် Lisa Bryant ပေးပို့တဲ့ သတင်းလွှာကို ဦးကျော်ဇံသာက တင်ပြပါမယ်။

ဒီအကြမ်းဖက် ကလပ်စည်းမှာ အမျိုးသမီး ၃ ယောက်ပါဝင်ပြီး ၁၉ နှစ်၊ ၂၃ နှစ်နဲ့ ၃၉ နှစ်အရွယ်အသီးသီးဖြစ်တယ်လို့ ပါရီမြို့တော် ဥပဒေအရာရှိ Francois Molinsက ဆိုပါတယ်။ သူတို့ကို Boussy-Saint-Antoine အရပ်မှာ ကြာသပတေးညက ရဲကဖမ်းဆီးခဲ့တာပါ။ ပါရီမြို့နဲ့ဆိုရင် မိုင် ၂၀ လောက် ဝေးတဲ့အရပ်ဖြစ်ပါတယ်။ ဒီအထဲက တယောက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက Notre Dame ဘုရားရှိခိုးကြောင်းအပြင်ဘက်မှာ စွန့်ပစ်ထားခဲ့တဲ့ ကားကိုမောင်းတဲ့သူဖြစ်ပါတယ်။ အဲဒီကားထဲမှာ ဓါတ်ဆီပုံးတွေ အပြည့်တင်ထားတာတွေ့ရပါတယ်။

“အဲဒီကားထဲမှာ ဒီဇယ် စွန်းထင်းနေတဲ့ စောင်တထည်နဲ့ စီးကရက်လိပ် ၁ ခုကိုလည်း တွေ့ရပါတယ်။ ဆီပုံး တပုံးလောက် မီးစွဲလောင်တယ်ဆိုရင်ပဲ ကားပေါက်ကွဲသွားမှာဖြစ်ပါတယ်။” လို့ပြောသွားတာပါ။

နောက်ထပ်ဖြစ်လာမယ့် အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ပါရီမှာ နိုဝင်ဘာလက တိုက်ခိုက်ခဲ့သလို အသေခံ ခါးပတ်နဲ့ သေနတ်သမားပုံစံမျိုးမဟုတ်တော့ပဲ ကားဗုံးခွဲမှုနဲ့ တခြားဖောက်ခွဲမှုပုံစံမျိုးဖြစ်လာနိုင်တယ်လို့ ပြင်သစ်ထိပ်တန်းထောက်လှမ်းရေးအရာရှိ တဦးက ခန့်မှန်းထားတာဖြစ်ပါတယ်။

အခုဖမ်းဆီးခံရတဲ့ အမျိုးသမီး ၃ ယောက်ဟာ ပါရီမြို့တော်က Gare de Lyon လို့ခေါ်တဲ့ လီယွန်းဘူတာနဲ့ တခြားဆင်ခြေဖုံး ဘူတာတခုကို တိုက်ခိုက်ဖို့ စီစဉ်ကြတာဖြစ်တယ်လို့ ပြင်သစ်ရဲအရာရှိတွေကပြောကြောင်း မီဒီယာက ဖော်ပြကြပါတယ်။

“ ဒီ ၃ ယောက်ထဲက Sara H လို့ သိရတဲ့ အမျိုးသမီးတယောက်ဟာဆိုရင် မကြာသေးခင်က ရဲအရာရှိတွေနဲ့ ဘုန်းတော်ကြီးတပါးကိုတိုက်ခိုက် သတ်ဖြတ်ခဲ့တဲ့ ပြင်သစ်အကြမ်းဖက်သမား ၂ ယောက်နဲ့ သီးခြားစီ ဆက်စပ်နေတယ်လို့ ပြောသွားတာဖြစ်ပါတယ်။

Sara Hနဲ့ နောက်တယောက်ဖြစ်တဲ့ အင်းအမ် တို့ဟာ အဖမ်းမခံရခင် ရဲတွေကို တိုက်ခိုက်ခဲ့ပြီး ရဲတယောက်ရဲ ပုခုံးကို မီးဖိုချောင်ဓါးနဲ့ ထိုးခဲ့တယ်လို့လည်း ဥပဒေအရာရှိကပြောပါတယ်။ ရဲ က သေနတ်နဲ့ ပစ်တဲ့အတွက် စွန့်ပစ်ထားခဲ့တဲ့ကားကို မောင်းတဲ့သူ အင်းအမ်လည်း ဒဏ်ရာရရှိသွားပါတယ်။ သူ့ရဲ့လက်ကိုင်အိတ်ထဲမှာတော့ IS ခေါင်းဆောင် Abu Bakr al-Baghdadi ကို သစ္စာခံကြောင်း ရေးသားထားတဲ့ စာနဲ့ ပြင်သစ်မြေပေါ်မှာ တိုက်ခိုက်ဖို့ တောင်းခံထားတဲ့ ရေးသားချက်ကို တွေ့ရတယ်လို့ ပြောဆိုထားကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG