သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာထူးကျ Brazil သမ္မတ ပြန်လည် တိုက်ပွဲဝင်မည်


ဘရာဇီးသမ္မတ Dilma Rousseff ။
ဘရာဇီးသမ္မတ Dilma Rousseff ။

ရာထူးက ရပ်နားခံလိုက်ရတဲ့ ဘရာဇီးသမ္မတ Dilma Rousseff ဟာ သူမအပေါ် တင်ထားတဲ့ စွဲချက်တွေကို ပြန်လည် တိုက်ပွဲဝင်သွားဖို့ သန္နိဋ္ဌာန် ချထားတယ်လို့ ပြောလိုက်ပါတယ်။ သမ္မတ Dilma Rousseff ကို ဘဏ္ဍာရေး ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် တရားရုံးတင် စစ်ဆေးမယ့် အဆိုကို အထက်လွှတ်တော်မှာ မနေ့က မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပြီး၊ သူမဟာ ရာထူးကနေ ယာယီ ဖယ်ရှားခံလိုက်ရတာပါ။

သမ္မတ Dilma Rousseff ဟာ သမ္မတ နန်းတော်မှာ ငိုကျွေးနေတဲ့ အစိုးရ ဝန်ကြီးတွေနဲ့အတူ သူမအတွက် နောက်ဆုံးဖြစ်နိုင်တဲ့ သမ္မတ မိန့်ခွန်း ကို ပြောကြားခဲ့ရာမှာ သူမအနေနဲ့ ဘာမှ မှားယွင်းလုပ်ဆောင်ထားတာ မရှိဘူးလို့ ခုခံ ပြောကြားခဲ့ပြီး၊ သူမကို ရာထူးက ဖြုတ်ချလိုက်တာဟာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုလို့ ယုံကြည်တဲ့အကြောင်း ပြောခဲ့ပါတယ်။

အဲဒီနောက် အသက် ၆၈ နှစ်အရွယ် လက်ဝဲဝါဒီ သမ္မတဟာ သူမကို ထောက်ခံ သူတွေ ကို ယာယီ နုတ်ဆက်တဲ့အနေနဲ့ လက်ဝှေ့ယမ်းပြသခဲ့ပြီး၊ နန်းတော်ထဲ ကို ပြန်လည် ဝင်ရောက်သွားခဲ့ပါတယ်။ သူမအနေနဲ့ တရားရင်ဆိုင်နေရစဉ်အတွင်း နန်းတော်ထဲမှာ ဆက်လက်နေထိုင်ခွင့် ရှိမှာဖြစ်ပါတယ်။

ယခင်က Rousseff ရဲ့ မဟာမိတ်အဖြစ်ကနေ နိုင်ငံရေးအရ ရန်သူဖြစ်သွားတဲ့ Michel Temer က သူမနေရာမှာ ယာယီသမ္မတ အဖြစ် တာဝန်ထမ်းဆောင်မှာပါ။

Michel Temer ဟာ Rio de Janeiro မြို့ရဲ့ ညစ်ညမ်းနေတဲ့ ရေမြောင်းစနစ်တွေကို လာမယ့် သြဂုတ်လ နွေရာသီ အိုလံပစ်ပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် ဖြစ် လက်ခံ ကျင်းပချိန် အမှီ ရှင်းလင်းပြီး သန့်ရှင်းသပ်ရပ်အောင်လုပ်ပြီး၊ ဘရာဇီးနိုင်ငံရဲ့ အဓိက ပြဿနာ တစ်ခုဖြစ်လာနေတဲ့ ခြင်ကတဆင့်ကူးစက်တဲ့ ဇီကာ ဗိုင်းရပ်ပိုးပြဿနာကို ရင်ဆိုင်ဖြေရှင်းရမှာပါ။

XS
SM
MD
LG