သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးထောင်ဆူမှု ၆၀ နီးပါးသေဆုံး


ဘရာဇီးထောင်အပြင်ဘက်
ဘရာဇီးထောင်အပြင်ဘက်

ဘရာဇီးနိုင်ငံ အနောက်မြောက်ပိုင်း Amazonas ပြည်နယ်မှာ ထောင်တွင်း ဆူပူမှုဖြစ်ပွားတဲ့အတွက် အနည်းဆုံး လူ ၆၀ လောက် သေဆုံးခဲ့ပြီး အဲဒီ သေဆုံးသူအရေအတွက်ဟာ ထပ်တိုးနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Manaus မှာရှိတဲ့ Anisio Jobim အကျဉ်းထောင်မှာ တနင်္ဂနွေနေ့ကစပြီး ဆူပူမှု ဖြစ်သွားခဲ့တာမှာ တနင်္လာနေ့မှာ အခြေအနေတွေ တည်ငြိမ်အောင် ပြန်ထိန်းလိုက်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထောင်တွင်းမှာရှိတဲ့ ပြိုင်ဖက် ဂိုဏ်း ၂ ဖွဲ့အကြားက တိုက်ခိုက်မှုတွေကနေ စတင်လိုက်တဲ့ ဆူပူမှုအတွင်း ခေါင်းပြတ်နေတဲ့ ခန္ဓာကိုယ်တွေ ထောင်နံရံတွေကို ကျော်ပြီး အပြင်ကို ပစ်ချတာတွေ တွေ့ရကြောင်း ဒေသခံ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ဆူပူမှုအတွင်း အကျဉ်းသားတချို့ ထွက်ပြေး လွတ်မြောက်သွားပြီး ထောင်ထဲမှာ ရှိနေသူတွေကို စာရင်းစစ် ဘယ်နှစ်ယောက် ထွက်ပြေးသွားတယ်ဆိုတာကို သိရှိခဲ့ရကြောင်း ပြည်နယ်လုံခြုံရေး အကြီးအကဲ Sergio Fontes က ပြောပါတယ်။ ဒီ အကြမ်းဖက် ဆူပူမှုဟာ နှစ်ပေါင်း များစွာအတွင်း အဆိုးရွားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဘရာဇီးနိုင်ငံအတွင်းက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို အဆမတန် ထိန်းသိမ်းထားတဲ့အတွက် လူသေစေနိုင်တဲ့ အကြမ်းဖက် ဆူပူမှုတွေ မကြာခန ဖြစ်ပေါ်လေ့ရှိတာကြောင့် HRW လို နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက ဘရာဇီးနိုင်ငံရဲ့ အကျဉ်းထောင်စနစ်ကို မကြာခဏ ဝေဖန်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG