သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန် အကြမ်းဖက်တိုက်ခိုက်မှု လူ ၅ ဦးသေဆုံး ၄၀ ခန့် ဒဏ်ရာရ


Locator Map of the Attack at the British Parliament in London
Locator Map of the Attack at the British Parliament in London

လန်ဒန်မြို့တော်က ဗြိတိသျှပါလီမန် အနီး ဗုဒ္ဓဟူးနေ့ ညနေ အစောပိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှု အဖြစ် အာဏာပိုင်တို့က ကိုင်တွယ်ဆောင် ရွက်နေပါတယ်။ တိုက်ခိုက်သူလို့ မသင်္ကာရသူနဲ့ ရဲအရာရှိတဦး အပါအဝင် လူအနဲဆုံး ၅ ဦး သေဆုံးပြီး ၄၀ လောက် ဒဏ်ရာတွေ ရခဲ့ပါတယ်။

လန်ဒန်မြို့တော်က ဗြိတိသျှပါလီမန် အနီး ဗုဒ္ဓဟူးနေ့ ညနေ အစောပိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှု အဖြစ် အာဏာပိုင်တို့က ကိုင်တွယ်ဆောင် ရွက်နေပါတယ်။ တိုက်ခိုက်သူလို့ မသင်္ကာရသူနဲ့ ရဲအရာရှိတဦး အပါ အဝင် လူအနဲဆုံး ၅ ဦး သေဆုံးကြောင်း စကော့တလန်ယာဒ် ရဲတပ်ဖွဲ့က အတည်ပြု ပါတယ်။

စောစောပိုင်းကတော့ တိုက်ခိုက်သူဟာာ အနီးရှိ Westminster တံတားပေါ်မှာ လမ်းသွားလမ်းလာတွေကို သူမောင်းလာတဲ့ ယာဉ်နဲ့ ဝင်တိုက်ခဲ့ပါတယ်။

တိုက်ခိုက်သူက ရဲအရာရှိတဦးကို ဓါးထိုးတိုက်ခိုက်ခဲ့ပြီး တဲ့နောက်မှာ လွှတ်တော်ဝင်းကို လုံခြုံရေးအရ ပိတ်ခဲ့ပါတယ်။ တိုက်ခိုက်သူကို ရဲအရာရှိတွေက သေနတ်နဲ့ ပစ်သတ်ခဲ့ ပါတယ်။ လန်ဒန်မြို့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် နှိမ်နင်းမှု ကြိုးပမ်းရေးဌာနအဖွဲ့ အကြီးအကဲ Mark Rowley က လွှတ်တော်ဝင်းကို ပိတ်ထားတဲ့ အမိန့်ကို ပြန်လည် ရုတ်သိမ်းလိုက် ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Theresa May စောစောက ပြောကြားခဲ့သလို ကြာသပတေးနေ့ လွှတ်တော်ကို ပုံမှန် ခေါ်ယူမှာ ဖြစ်ကြောင်း သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့ နှောင်း ပိုင်းက ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်သူဟာ အကြမ်းဖက် တိုက်ခိုက်မှုကို အားကျသူဖြစ်တယ်လို့ ရဲက ယုံကြည် ထားပြီး မည်သူမည်ဝါဖြစ်တယ် ဆိုတာကို သူတို့ သိထားပြီး ဖြစ်ပေမယ့် အာဏာပိုင်တွေ အနေနဲ့ သူ့အမည်ကို ထုတ်ပြန်ကျေညာဖို့ အဆင်သင့် မဖြစ်သေးကြောင်း၊ စုံစမ်းစစ်ဆေး မှုတွေ ပြုလုပ်နေစဉ်မှာ တိုက်ခိုက်သူ မည်သူမည်ဝါ ဖြစ်တယ် ဆိုတာကို ခန့်မှန်းပြော ဆိုခြင်း မပြုကြဖို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တိုက်ခိုက်မှု မှာ နိုင်ငံခြားသားတွေ သေဆုံး ဒဏ်ရာရမှုနဲ့ ပတ်သက်လို့လည်း သူက ပြောဆိုဖို့ ငြင်းဆို ခဲ့ပြီး ဗြိတိန် အနေနဲ့ သူတို့တတွေရဲ့ ဌာနေနိုင်ငံတွေကို အရင် ဆက်သွယ်ရမှာ ဖြစ်တဲ့ အကြောင်းလည်း မစ္စတာ Rowley ကပြောဆိုခဲ့ပါတယ်။

ဓါးထိုးခံရလို့ သေဆုံးခဲ့တဲ့ လုံခြုံရေး ရဲအရာရှိဟာ အသက် ၄၈ နှစ်အရွယ် Keith Palmer ဖြစ်ပြီး သူဟာ ခင်ပွန်းတဦးဖြစ် တဲ့အပြင် ဖခင်တဦးလည်း ဖြစ်ကာ ဗြိတိသျှ ရဲအမှု ထမ်းသက် ၁၅ နှစ် ရှိသူလည်း ဖြစ်တယ်လို့ မစ္စတာ Rowley က ပြောကြားခဲ့ ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် တိုက်ခိုက်သူူ အပါအဝင် စုစုပေါင်း လူ ၅ ဦး သေဆုံးခဲ့ ရပါတယ်။ ဒဏ်ရာ ပြင်းထန်တဲ့ ရဲအရာရှိ ၂ ဦး အပါအဝင် လူပေါင်း ၄၀ ခန့် ဒဏ်ရာရ ခဲ့ပါတယ်။ လုံခြုံရေး အရာရှိတွေက နယ်မြေတဝိုက် သဲလွန်စတွေကို ညလုံးပေါက် ဆက်လက် ရှာဖွေ သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဗြိတိန်မှာ နိုင်ငံတကာ အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ် သတိပေးအဆင့် ကို ပြောင်း လဲမှာ မဟုတ်ပေမယ့် ပြည်သူလူထု လုံခြုံမှု ရှိရအောင် အထူးသဖြင့် လူသူစည်ကား လှ တဲ့ နေရာတွေမှာ နိုင်ငံတဝှမ်း ရဲအရာရှိတွေကို တိုးမြှင့်ချထားမှာ ဖြစ်တယ် လို့လည်း ပြော ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် Theresa May ကတော့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ရုပ်သံကနေ လူထု ကို မိန့်ခွန်းပြောကြားခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ စိတ်ပျက် ဖွယ်ကောင်းပြီး သိပ်ကို ဆိုးဝါးတဲ့ တိုက်ခိုက်မှုလို့ ခေါ်ဆိုလိုက်ပါတယ်။ ဒါ့အပြင် လန်ဒန်ရဲ့ နှလုံးသားနေရာ ဖြစ်တဲ့ မြို့ လယ်ခေါင် မှာ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာ အတွက် နေ့စဉ် လှုပ်ရှားသွားလာ လုပ်ကိုင်နေသူတွေကို ထိခိုက်မှု မရှိစေရဘူးလို့ လည်း ကတိပေး လိုက်ပါတယ်။

တိုက်ခိုက် သူရဲ့ ဓါးဒဏ်ရာနဲ့ သေဆုံးသွားခဲ့သူ လုံခြုံရေးအရာရှိ အတွက် ဂုဏ်ပြုစကား ကိုပါ ပြောကြားခဲ့တာပါ။ ဒါ့အပြင် ဗြိတိန်ပြည်သူတွေ ကို ဘယ်လို အကြမ်းဖက်မှုမျိုးနဲ့မှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ကြောင်းနဲ့ လွှတ်တော်ကို ကြာသပတေးနေ့မှာ ဆက်လက် ကျင်းပမှာ ဖြစ်ကြောင်း လည်း ပြောပါတယ်။

ဝါရှင်တန်ဒီစီမှာတော့ သမ္မတ Donald Trump က ဗြိတိသျှ ဝန်ကြီးချုပ် Theresa May နဲ့ တယ်လီဖုံးနဲ့ ဆက်သွယ် စကားပြောရာ မှာ သမ္မတကို လန်ဒန်မြို့ အခြေနေအကြောင်း ရှင်းလင်း ပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ဗြိတိန်က အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် သတ်မှတ်ထားတဲ့ Westminster တိုက်ခိုက်မှု ကို အမေရိကန်က ရှုံ့ချ ပြစ်တင်ကြောင်းနဲ့ ဗြိတိသျှ ရဲတွေရဲ့ လျှင်မြန်တဲ့ တုန့်ပြန်အရေးယူ မှုတွေကို ချီးကျူးကြောင်း အိမ်ဖြူတော် ပြောခွင့်ရ Sean Spicer ကပြောပါတယ်။

တိုက်ခိုက်မှုမှာ သေဆုံးခဲ့ သူတွေအတွက် ဝမ်းနဲကြေကွဲကြောင်း သမ္မတ Trump က ပြောကြား ခဲ့သလို ဒီတိုက်ခိုက်မှုနဲ့ တိုက်ခိုက်မှုမှာ တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူဖို့ ကြိုစားမှုမှာ ဗြိတိန်အစိုးရကို အမေရိကန်အစိုးရက အပြည့်အဝ ကူညီပံ့ပိုးပေး မှာ ဖြစ်ကြောင်း လည်း ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့ မှာ ရှိတဲ့ ဗြိတိသျှ ကောင်စီမှာတော့ လုံခြုံရေးတွေကို တိုးမြှင့်ချထားလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း ဒီတိုက်ခိုက်မှုကို တဦး တယောက် ကပဲ လုပ်လုပ် အဖွဲ့အစည်းကပဲ လုပ်လုပ် အတူတူပဲဖြစ်ပြီး ဒီဆိုးဝါးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ရှုံ့ချကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ပြင်သစ် သမ္မတ François Hollande ကလည်း ဗြိတိန်ဝန်ကြီးချုပ်ဆီ ဆက်သွယ်ပြီး ဗြိတိန်နိုင်ငံနဲ့ အတူရပ်တည်မှာ ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ Netherlands၊ အီတလီ၊ ပိုလန်၊ ကနေဒါ၊ စပိန်နဲ့ အိုင်ယာလန် နိုင်ငံတွေကလည်း အခုဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ရှုံ့ချခဲကြပြီး ဗြိတိန်နိုင်ငံနဲ့ တသားထဲ ရှိကြောင်း ပြောကြားခဲ့ကြပါတယ်။

XS
SM
MD
LG