သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး


Dr. Mie Mie Winn Byrd, Ed.D - Asia-Pacific Center for Security Studies
Dr. Mie Mie Winn Byrd, Ed.D - Asia-Pacific Center for Security Studies
စစ်ဘက်အရပ်ဘက် ဆက်ဆံရေး
please wait

No media source currently available

0:00 0:10:41 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေးကဏ္ဍ မြှင့်တင်ရေးက အဓိကကျသလို၊ စစ်ဘက်အရပ်ဘက် ဆက်ဆံရေး တိုးတက်မှုရှိအောင်လည်း စာသင်ကျောင်းတွေမှာ မူလတန်းကနေစပြီး လေ့ကျင့်ပျိုထောင်ပေးသင့်တယ်လို့ အမေရိကန်လုံခြုံရေးနဲ့ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးပညာရှင်တဦးက ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု Hawaii ပြည်နယ် Honolulu အခြေစိုက် အာရှနဲ့ ပစိဖိတ်ဒေသ လုံခြုံရေးပညာ တက္ကသိုလ်က လုံခြုံရေးပါမောက္ခလည်းဖြစ်၊ အမေရိကန်ကြည်းတပ် ဗိုလ်မှူးကြီးတဦးလည်းဖြစ်တဲ့ ဒေါက်တာမီမီဝင်းဘတ် ဟာ မကြာသေးခင်က မြန်မာပြည်ကို လာရောက်ခဲ့ပြီး တက္ကသိုလ်တချို့က ဆရာ၊ ဆရာမတွေနဲ့ စစ်ဘက်အရာရှိတွေကို စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး တိုးတက်အောင် ပညာပေးသင့်တဲ့ သင်တန်းတွေ ပို့ချခဲ့တာပါ။ VOA အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က ဒေါက်တာမီမီဝင်းဘတ် (Mie Mie Win Byrd) ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ ကျမတို့ ဒီနေ့ VOA အမေရိကန်အသံကို အခုလို မအားလပ်တဲ့ကြားကနေ ဗိုလ်မှူးကြီးမီမီဝင်း တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ အခု ဒေါ်မီမီဝင်း က ဒီလိုမျိုး မြန်မာနိုင်ငံကိုလာတာက အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာနကနေ ပြုပြင်ပြောင်းလဲရေးမှာ ပိုပြီးတော့ ချောမွေ့အောင် ဝင်ပြီးတော့ ပံ့ပိုးတဲ့အနေနဲ့ ဝင်ရောက်အားပေး ကူညီနေတာ သိရပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာက အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ပိုပြီးတိုးတက်ကောင်းမွန်အောင် ဘယ်လိုမျိုး အတုယူသင်သလဲ။ ဘယ်လိုပြုပြင်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒေါ်မီမီဝင်းကနေ မြန်မာနိုင်ငံမှာရှိတဲ့ စစ်တက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်၊ နောက်ပြီးတော့ အမျိုးသားကာကွယ်ရေးတက္ကသိုလ်စတဲ့ အဲဒီဌာန Institution တွေမှာ လာပြီးတော့ မျှဝေတဲ့သဘောပေါ့။ အခုလောလောဆယ်လာတဲ့ ခရီးစဉ်နဲ့ ပတ်သတ်ပြီးတော့ နည်းနည်းလေး ရှင်းပြပေးပါလားရှင့်။

ဒေါက်တာမီမီဝင်းဘတ် ။ ။ ကျမတို့က စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးနဲ့ ပတ်သတ်ပြီးတော့ ပညာရေးတွေ၊ ဒီမှာအများကြီး တကမ္ဘာလုံးမှာ Research လုပ်ထားတဲ့ ဗဟုသုတတွေ (Knowledge) ကို ဒီမှာ လာမျှဝေ (Share) လုပ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု လာရင်းနဲ့ သင်တန်းတွေပေးတာတွေနဲ့ ကြားသိရတယ်။ အဓိက စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးနဲ့ ပတ်သတ်ရုံတင်မကဘဲနဲ့ မြန်မာနိုင်ငံ တက္ကသိုလ်တွေမှာလည်း ဒီလိုမျိုး ပိုပြီးတော့ ကောင်းမွန်တဲ့ ပညာရေးစနစ်ဖြစ်အောင် သင်ကြားမှုတွေ ပိုကောင်းအောင် သင်တန်းတွေလည်း ပေးခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးပေးခဲ့တဲ့ သင်တန်းတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကိုလည်း ပြောပြပေးပါအုံး။

ဒေါက်တာမီမီဝင်းဘတ် ။ ။ မနေ့က ရန်ကုန်စက်မှုတက္ကသိုလ်ပါမောက္ခက ခေါ်ပြီးတော့ သူတို့ရဲ့ ဆရာ၊ ဆရာမတွေကို Seminar ပေးဖို့ ခေါ်ပါတယ်။ ကျမက အဲဒီမှာ သူတို့က နည်းနည်းပါးပါး မျှဝေပေးတာက - Organization အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ကျမ သူတို့ကို နည်းနည်းပါးပါး ကျမ သုတေသန (Research) လုပ်ထားတဲ့ အချက်အလက် (Information) တွေကို နည်းနည်းမျှဝေလိုက်ပါတယ်။ သူတို့နဲ့ ဆက်သွယ်တဲ့အခါ ကျမအတွက်လည်း ဗဟုသုတ ရပါတယ်။ သူတို့ ဘာတွေများလုပ်နေလဲ။ တော်တော်များများ တိုးတက်နေတာတွေလည်း အများကြီး တွေ့ရပါတယ်။ ကျမကတော့ ကျမ Research က တွေ့တဲ့ဟာတွေကို မျှဝေပြီး အပြန်အလှန် အကျိုးရရှိမှာကို ပြောဆိုဆွေးနွေးကြပါတယ် (Mutual Beneficial Interaction)။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ မြန်မာနိုင်ငံမှာက တခုရှိတာက တက္ကသိုလ်တွေမှာဆိုရင် သင်တန်းသားတွေ ကျောင်းသူကျောင်းသားတွေရဲ့ Response သူတို့ရဲ့ တုံ့ပြန်မှုက အင်မတန် နှေးကွေးပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင်တော့ လု့ပြီးတော့ ဖြေကြားတာ၊ လက်ညှိုးလေးတွေ ထောင်ပြီးတော့ မေးကြဖြေကြတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု (Culture) မပြောရဲ မဆိုရဲတဲ့ ယဉ်ကျေးမှုလေး တခုရှိပါတယ်။ အဲဒါမျိုးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအတွေ့အကြုံတွေ ရှိပါလဲ။ သင်တန်းသားတွေက လိုလိုလားလား ဆက်ဆံကြပါရဲ့လား။

ဒေါက်တာမီမီဝင်းဘတ် ။ ။ လိုတော့လိုလားပါတယ်။ ဒါပေမဲ့ အဲဒီလို မေးတာပြောတာ နည်းတယ်။ ဆွေးနွေးမှု (Discussion) အတွက် ပိုပြီးတော့ တက်တက်ကြွကြွ တုံ့ပြန်မှု (Response) လုပ်နိုင်အောင်အတွက် ဒီနည်းတွေလည်း နည်းနည်းမျှဝေခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အမေရိကန်ပြည်ထောင်စုမှာဆိုရင်တော့ မွေးကတည်းက မူကြိုကျောင်းသားဘဝကတည်းက ဆရာနဲ့ ကျောင်းသား ဆက်ဆံရေးက မြန်မာပြည်က ပုံစံနဲ့ မတူဘူးလေ။ ရဲရဲဝံ့ဝံ့ ချက်ချင်းတုံ့ပြန်တာပေါ့။ မြန်မာနိုင်ငံမှာတော့ အမြဲတမ်း ဆရာ၊ ဆရာမတွေကို လေးစားရမယ်။ ကြောက်တယ်ပေါ့။ အဲဒီလို ဖြစ်ပြီးတော့ တော်ရုံတန်ရုံ မပြောရဲ၊ မဆိုရဲပေါ့။ ပြောရမယ်ဆိုရင်တော့ ပညာရဲရင့် ပွဲလယ်တင့်ပေါ့။ သိပ်ပြီးတော့ နောက်ကိုဆုတ်ပြီးတော့ ကြောက်လန့်ကြတာတွေရှိတယ်။ အဲဒါတွေနဲ့ ပတ်သတ်ပြီးတော့ လေ့ကျင့်မှု သင်တန်းတွေ ပိုပြီးပေးသင့်တယ်လို့ ထင်ပါလားရှင့်။

ဒေါက်တာမီမီဝင်းဘတ် ။ ။ နည်းနည်းပါးပါးတော့ လိုအပ်တာပေါ့။ တခြားနေရာတွေမှာ လုပ်နေတဲ့ ကဏ္ဍတွေ ပညာတွေကို ဒီမှာ ပိုပြီးတော့ သိတဲ့အခါကြတော့ ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းလေးတွေကို ကိုယ့်ရဲ့ သင်ကြားမှု (Instruction) ထဲမှာ ထည့်သွင်း (Integrate) လုပ်လို့ရတာပေါ့။ အဲဒီအခါ ပိုကောင်းသွားမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ တပ်မတော်အခန်းကဏ္ဍ - မြန်မာနိုင်ငံမှာ စစ်တပ်က စိုးမိုးခဲ့တယ်ဆိုတော့ မြန်မာနိုင်ငံက စစ်တပ်လို့ ပြောလိုက်တာနဲ့ လူတွေအားလုံးက စစ်တပ်ကို ကြောက်ကြတယ်။ စစ်တပ်ကို မေတ္တာထားပေးဖို့ နည်းနည်းလေး ခက်ခဲကြတာပေါ့။ ခံခဲ့ရတာ များတယ်ဆိုတော့ - အဲဒီလို စစ်တပ်နဲ့ တင်းမာတဲ့ ဆက်ဆံရေး သဘောထား ရှိခဲ့တာကနေ ပျော့ပျောင်းလာပြီးတော့ စစ်တပ်နဲ့ အရပ်ဘက် တသားတည်းဖြစ်အောင် အဲဒါကို ဘယ်လိုမျိုး လုပ်ရင်ကောင်းမလဲဆိုတာတွေကို နည်းပေးလမ်းပြ လုပ်ဖို့ရှိပါလားရှင့်။

ဒေါက်တာမီမီဝင်းဘတ် ။ ။ အဲဒီဥစ္စာ ကျမတို့ပြောတာက စစ်ဘက်-အရပ်ဘက်ကို ကောင်းမွန်တဲ့ ဆက်ဆံရေး (Healthy Relations) ဖြစ်အောင်အတွက်က ကျောင်းမှာစလို့ရတယ်။ ကျမရဲ့ ကိုယ်ပိုင်အမြင်ကတော့ (Personal Opinion) ကတော့ ကျောင်းမှာ သူတို့လေ့လာသွားလို့ရှိရင် နောက်တော့ သူတို့ဘာသာသူတို့ အကျင့်ဖြစ်သွားတာပေါ့။ နောက်ပြီးတော့ နားလည်မှုလွဲတာတွေ (Misunderstanding) သိပ်မရှိတော့ဘူး။ ဒီမှာပြောတာက - Dialogue စစ်ဘက်-အရပ်ဘက် ကောင်းမွန်ဖို့အတွက် ပိုပြီးတော့ ကောင်းမွန်လာဖို့အတွက် -Dialogues တွေ လုပ်ဖို့အတွက် နည်းဗျူဟာ Mechanism တွေ လိုတယ်လို့ ပြောပြပါတယ်။ အဲဒီ Mechanism တွေကို ပညာရေးစနစ်နဲ့ ပတ်သတ်ပြီး ပြောလို့ရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မူလတန်းကစပြီးတော့ ကျောင်းအဆင့်ဆင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပြေလည်အောင် ကျောင်းမှာ ငယ်စဉ်ကတည်းက စပြီးတော့ လေ့ကျင့်မှုရအောင် သင်ကြားပေးရင်တော့ ကောင်းတဲ့သဘောပေါ့။

ဒေါက်တာမီမီဝင်းဘတ် ။ ။ ကျမပြောတာက အခြေခံ (Basic) တော့ မဟုတ်ပါဘူး။ ရန်ကုန်တက္ကသိုလ်မှာ အရပ်ဘက်က နည်းနည်းပါးပါး လေ့လာမှုဘာသာရပ်တွေ၊ နိုင်ငံရေးဘာသာရပ်တွေ လုပ်လာရင် သူတို့မှာ တူညီတဲ့ ဘာသာစကား (Same language) ရှိသွားတဲ့အခါ စကားပြောတဲ့အခါ သဘောထားကွဲလွဲမှု သိပ်မရှိတော့ဘူးပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ အခု အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်အမတ် အထူးသဖြင့် အောက်လွှတ်တော်မှာဆိုရင် အမေရိကန်နဲ့ မြန်မာ စစ်ရေးဆက်ဆံမှုကို အတော်လေးကို ကန့်ကွက်ကြတာတွေ ရှိပါတယ်။ အဲဒီတော့ အမေရိကန်အစိုးရအနေနဲ့ အမြဲတမ်းပြောတာက စစ်ဘက်ဆက်ဆံရေး ဆိုပေမယ့်လဲ သဘာဝဘေးဒဏ်ကာကွယ်ရေးအတွက်ကို လေ့ကျင့်ခန်းတွေ ပေးတာရှိတယ်။ တခြားသင်တန်းတွေပေးတာ ရှိတယ်။ စစ်ရေးနဲ့ ပတ်သတ်လို့တော့ ဘာမှအကူအညီပေးတာ မရှိပါဘူးလို့ဆိုပြီး ပြောတာရှိပါတယ်။ အခုလောလောဆယ် အခြေအနေမှာကော ဘယ်လိုရှိပါလဲ။

ဒေါက်တာမီမီဝင်းဘတ် ။ ။ ကျမတို့ရဲ့ ပေါ်လစီ (Policy) ကတော့ အဆင့်ဆင့်ပါ (Step by step) ပါ။ အခု ကျမတို့ Focus လုပ်နေတာကတော့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကောင်းဖို့အတွက်ကို လုပ်နေတယ်။ အာရှပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေး စင်တာ (Asia Pacific Center for Strategy Studies) က အဲဒါနဲ့ ပတ်သတ်ပြီးတော့ စစ်ရေးလေ့ကျင့်ရေး (Military Training) တွေတော့ မဟုတ်ဘူး၊ ပညာပေး (Education) ပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ မြန်မာနိုင်ငံက တပ်မတော်အရာရှိတွေကော Hawaii သွားပြီးတော့ သင်တန်းတွေ ဘာတွေ သွားပါလား။

ဒေါက်တာမီမီဝင်းဘတ် ။ ။ ဟုတ်ကဲ့ရှင့် သူတို့ လာပါတယ်။ စစ်ဘက်ကတင် မဟုတ်ပါဘူး ဝန်ထမ်းတွေ (Civilian Staff) လည်း ပါပါတယ်။ အခုဆိုလို့ရှိရင် (၄) ယောက်၊ (၈) ယောက် One course ကို လာတယ်ဆိုရင် လေးယောက်က အရပ်ဘက်က၊ လေးယောက်က စစ်ဘက်ကပါ။ အဲဒီမှာ သူတို့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကို လေ့ကျင့် (Practice) လုပ်ကြပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီလို ခရီးစဉ်တွေက ဘယ်လောက်လောက် ကြာပါလဲ။

ဒေါက်တာမီမီဝင်းဘတ် ။ ။ ကျမတို့ ဘာသာရပ် (Course) တခုက (၅) ပတ်။

ဒေါ်ခင်စိုးဝင်း ။ ။ Hawaii လည်း လေ့လာရင်နဲ့ ပစိဖိတ်စစ်ဌာနချုပ်မှာလည်း ပညာတွေ သင်ယူလို့ရတယ်။

ဒေါက်တာမီမီဝင်းဘတ် ။ ။ အခုန ပြောသလိုပဲ Security ဆိုတာ State Security ထက် ပိုများပါတယ်။ ကျမတို့က Human Security နဲ့ State Security အားလုံးပေါင်းလိုက်တော့ Comprehensive Security အဲဒီဥစ္စာအကြောင်း ကျမတို့ ပြောဖြစ်ကြပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ စစ်ဘက်နဲ့ အရပ်ဘက် နှစ်ဦးနှစ်ဘက် စိတ်ချစွာနဲ့ ဆက်ဆံပြီးတော့ သဘောထားတွေ၊ အမြင်တွေ ဖလှယ်နိုင်တယ်။ အချင်းချင်း ပြေလည်မှုရအောင် ကြိုးစားတဲ့သဘောပေါ့။ အခု ဒေါ်မီမီဝင်းဘတ် လာပြီးတော့ မြန်မာနိုင်ငံမှာ ကိုယ့်ရဲ့ အတွေ့အကြုံတွေ မျှဝေပေးတယ်။ Hawaii မှာလည်း မြန်မာသင်တန်းသူ၊ သင်တန်းသားတွေကို လက်ခံပြီး ကြိုဆိုပေးတယ်။ ဒီလိုမျိုး လုပ်နေရတာကို နှစ်ထောင်းအားရ ဖြစ်ပါလား။ အားမလိုအားမရ ဖြစ်တာတွေကော ရှိပါလား။

ဒေါက်တာမီမီဝင်းဘတ် ။ ။ အဲဒီလိုတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကလာတဲ့ သင်တန်းသားတွေအားလုံးက အရမ်းကြိုးစားကြတယ်။ သူတို့တွေက ဒီဥစ္စာတွေကို တခြားနိုင်ငံကလာတဲ့ သူတွေထက် ပိုတန်းဖိုးထား (Value) တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥစ္စာကို ပိုပြီတန်းဖိုးထားတယ်။ တကယ်ကို ကြိုးစားကြပါတယ်။ စစ်ဘက်-အရပ်ဘက်က လာတက်တဲ့လူတွေအားလုံး ဆရာမအနေနဲ့ ကျမ အရမ်းဝမ်းသာတယ်။ သူတို့ကို သင်ပေးရတာ၊ ကူညီပေးရတာ အရမ်းအရမ်းပဲ ကျမအတွက် ကျေနပ်ပီတိ ဖြစ်ရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရန်ကုန်တက္ကသိုလ်ကို ရောက်ဖူးပါလား။

ဒေါက်တာမီမီဝင်းဘတ် ။ ။ ဒီတခါလည်း ရန်ကုန်တက္ကသိုလ်ကို ရောက်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရန်ကုန်တက္ကသိုလ်ကြီးကို ဘယ်လို မြင်ပါလဲ။ အများကြီး ပြောင်းလဲသွားပါပြီပေါ့။

ဒေါက်တာမီမီဝင်းဘတ် ။ ။ ကလေးတွေက ကျမရဲ့ Presentation ကို လာတက်တဲ့ ကလေးတွေက သူတို့ မေးလိုက်တဲ့ မေးခွန်း (Questions) တွေက တကယ်ထက်တယ်။ တကယ်လဲ Sophisticate လည်း ဖြစ်တယ်။ ကျမ အရမ်းလည်း ဝမ်းသာပါတယ်။ မြန်မာနိုင်ငံ အနာဂတ်အတွက် တိုးတက်ရေးအတွက် မြန်မာရဲ့ အနာဂတ်ပဲဆိုတော့ သူတို့ မေးလိုက်တဲ့ မေးခွန်းတွေက တကယ်ကောင်းတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ စိတ်ဝင်စားစရာ ကောင်းတယ်ပေါ့။ ဘယ်လို မေးခွန်းလေးတွေ မေးကြပါလဲ။

ဒေါက်တာမီမီဝင်းဘတ် ။ ။ ကျမ ပြောနေတာ Collaborate government လို့ ရှင်းလင်းပြောပြတယ်။ ပူးပေါင်းလုပ်ဆောင်တာ (Collaboration) လုပ်တာ အရမ်း ပူးပေါင်းလုပ်ဆောင်မှု ဖြစ်သွားလို့ရှိရင် အုပ်စုအဖွဲ့ (Grouping) ဖြစ်သွားတယ်ဆိုတော့ အဲဒါကို ဘယ်လိုများ ကာကွယ်တားမြစ် (Prevent) လုပ်ရလဲလို့ မေးတာ တော်တော်ကောင်းတဲ့မေးခွန်းလို့ ကျမ ထင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီလိုမျိုး အရမ်းပေါင်းစည်းလိုက်တဲ့အခါမှာ သူတို့က တစုတဝေး ဖြစ်သွားပြီးတော့ Bias ဘက်လိုက်မှု ဖြစ်သွားနိုင်တယ်လို့ သူတို့ရဲ့ မေးခွန်းလေးတွေက အင်မတန်မှ စိတ်ဝင်စားမှုကောင်းပါတယ်။ ကျမတို့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အခုဆိုရင် အရပ်သားအစိုးရလည်း တက်လာပြီ၊ တဖြည်းဖြည်းနဲ့ စစ်ဘက်ဆိုင်ရာပိုင်းကလည်း တဖြည်းဖြည်းနဲ့ သူတို့အနေနဲ့ တဆင့်ချင်း စွန့်သွားလိမ့်မယ်လို့ မျှော်လင့်ရတာပေါ့။ ဒေါ်မီမီဝင်းဘတ်အနေနဲ့ ဘယ်လိုသုံးသပ်လို့ ရပါလဲရှင့်။ မြန်မာနိုင်ငံရဲ့ အနာဂတ်..

ဒေါက်တာမီမီဝင်းဘတ် ။ ။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကတော့ ကျမက ဗေဒင်ဆရာမဟုတ်တော့ ပြောလို့တော့ မရပါဘူး။ အများကြီး ပတ်ဝန်းကျင် Environment က အရမ်းပြောင်းနေတော့။

XS
SM
MD
LG