သုံးရလွယ်ကူစေသည့် Link များ

Android စနစ်သုံး Smartphone တွေမှာ အသုံးများတဲ့ App တွေ တခုနဲ့တခု လှို့ဝှက်ချိတ်ဆက်ပြီး ဖုန်းပိုင်ရှင်နဲ့ပါတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ရယူ မျှဝေနိုင်တာကို Computer ပညာရှင်တွေ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ Virginia Tech ကပညာရှင်တွေ ၃ နှစ်အချိန်ယူပြီး Android App ပေါင်း ၁ သိန်းကျော်ကို လေ့လာခဲ့ကြတာမှာ ဖုန်းပိုင်ရှင်ရဲ့ခွင့်ပြုချက်မလိုဘဲ App တွေတခုနဲ့တခု ဆက်သွယ်နိုင်၊ အချက်အလက်တွေ အပေးအယူလုပ်နိုင်တာတွေ့ခဲ့ကြတာပါ။ အချက်အလက်တွေ ခိုးယူနိုင်တဲ့ App စုံတွဲတွေအကြောင်းကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။

XS
SM
MD
LG