သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင်မှာ စိတ်ကြွဆေးပြား၄ သိန်းခွဲ ဖမ်းဆီးရမိ


ဖေဖော်ဝါရီလတုန်းက မောင်တောမှာ မူယစ်ဆေးဝါးများ ဖမ်းမိစဉ် (MOI)
ဖေဖော်ဝါရီလတုန်းက မောင်တောမှာ မူယစ်ဆေးဝါးများ ဖမ်းမိစဉ် (MOI)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် ခမရ (၅၆၄)ဗိုလ်မှူးတစ်ဦး၊ တပ်ဖွဲ့ဝင်တဦးနဲ့ အရပ်သား ၂ဦးတို့ ဟာ ဘူးသီးတောင်ကနေ မောင်တောကိုကာတစီးနဲ့ ထွက်လာစဉ်အတွင်း စိတ်ကြွဆေး အလုံးရေလေးသိန်းခွဲ နီး သယ်ဆောင်လာခဲ့တာပါ။ သူတိုစီးလာတဲ့ကားကို နယ်ခြားစောင့်တပ်တွေနဲ့ အတူပူးပေါင်းစစ်ဆေးရေးအဖွဲတွေက ရှာဖွေ စစ်ဆေးပြီး ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ခုနှစ ်အတွင်းမှာ မူးယစ်ဆေးဝါးတွေ သိန်းနဲ့ ချီဖမ်းမိတာ တွေကို ကြုံ နေရပြီးတဲ့နောက်မှာတော့ ဘူးသီးတောင်မြို့ အခြေစိုက် ခမရ တပ်ရင်း တခုက ဗိုလ်မှူးတစ်ဦး ဦးဆောင်သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးကို ဖမ်းမိခဲ့ကြောင်း ရခိုင်အမျိုသားပါတီ ဘူသီးတောင်မြို့နယ် ဥက္ကဌဦးထွန်းအောင်သိန်းက ပြောပြပါတယ်။

“(၅၆၄) က ဗိုလ်မူးတယောက်ရယ် တပ်သားတယောက်ရယ် အရပ်ဖက်က ၂ယောက်ရယ် သူတို့ဆီက WY ဆေးတွေ ကျပ်သန်း ၈၈၀ကျော်တန်ဖိုးရှိတာတွေ ရရှိခဲ့တယ်လို့ ကျနော်တို့သိရပါတယ် ခင်ဗျ”

ဒီမူယစ်ဆေးဝါးတွေဟာ ကျပ်သန်းပေါင်း ၉၀၀ကျော် လောက်တန်ဖိုးရှိပါတယ်။ဒီသတင်းနဲ့ ပတ်သက်လို့ မောင်တောမြို့ နယ်ရဲတပ်ဖွဲမှူး ရဲမှူးကျော်မြဝင်းကို မေးမြန်ဖို့ ကြိုးစားရာမှာ အပြင်ရောက်နေတာကြောင့် ဖြေဆိုလို့မရနိုင်သေးဘူးလို့ ပြောဆိုပါတယ်။

ဘူသီးတောင်မြို့နယ် ပြည်နယ်ပြည်သူလွတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကတော့ ဒီလို အာဏာပိုင်တွေ ပါဝင်ပတ်သက်ပြီး သယ်ဆောင်မူတွေကို တခြားရဲအာဏာပိုင်တွေက အရေးယူမူတွေ အားနည်းတဲ့အတွက် ဘူးသီးတောင်၊မောင်တောဘက်မှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်မူတွေ အများအပြား ဖြစ်လာပြီး လူငယ်တွေလည်း ပျက်ဆီးမူတွေကြုံနေရတယ်လို့ ပြောပါတယ်။

“ဖြစ်တာကတော့ မှန်ပါတယ် တပ်ကလူတွေနဲ့ မိတဲ့သူတွေထဲက ကောင်လေး တယောက်၊ ၂ယောက်ပါတယ်။ ဖြစ်တဲ့နေကသူတို့တွေကပစ္စည်းကို သင့်ရာကားနဲ့ တင်လာတယ် ပစ္စည်းကို သူတို့ သယ်လာတယ်ဆိုတော့ သူတို့ကလုပ်နေကြလို့ထင်ပါတယ်။ မဟုတ်ပဲနဲ့တော့ ဒီလို တပ်ကဘယ်ပါမလဲ၊ကျနော်တခါပြောဘူးပါတယ် တောင်အောက်မှာ ကျနော်တို့ စစ်ဆေးရေး သွားတုန်းက မေးဖူးတယ်။ အဲဒီပစ္စည်းတွေ ဘယ်က သယ်သလဲဆိုတာတွေပေါ့။ အဲဒီကနေ မေးဖူးတယ် လှေပေါ်ကလာတာလား ၊ အောက်ကနေ မြေလျိုးပြီး လာတာလားဆိုတာတွေကို ကျနော်မေးဘူးတယ်။ ခင်ဗျားတို့ ဖမ်းမယ်ဆိုရင် ရဲက ရဲအလုပ်လုပ်ရမယ်လို့ ဘယ်သူဖြစ်ဖြစ်စစ် ဆေးရမယ်လေ ၊ အဲဒါ သူတို့အလုပ်ပဲ။ အဲဒီလို မလုပ်ရင် သူတို့လို အဖွဲ့အစည်းတွေက သယ်လာရင် ဘယ်လိုလုပ်မလဲ အဲဒီလိုမျိုးတွေရှိတာဗျ။ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက်သလိုပေါ့။ ဒီပြင်လူတွေက သယ်လို့မရဘူး သူတို့ ကသယ်လို့ရတယ် ဒီမူးယစ်ဆေးဝါးတွေက မောင်တောကိုပဲ သယ်လာကြတာ”

စိတ်ကြွဆေးပြားတွေဟာ ဘူးသီးတောင်မောင်တော လမ်းနဲ့ ရေလမ်းကနေတဆင့် တဖက်နိုင်ငံကို တင်သွင်းနေတယ်လို့လည်း ပြောပြပါတယ်။

“ရေကြောင်းက သွားတဲ့သူကသွား ကုန်းကြောင်းနဲ့ သွားတဲ့သူကသွား ဟိုလူသယ်ခိုင်းဒီလူသယ်ခိုင်းနဲ့ မောင်းတောကိုသွားဖို့ အတွက် ငွေကြေးပေးပြီး သွားတာမျိုးတွေ နိုမိုဆိုရင် အဲဒီလောက်လုံခြုံရေးတွေ ထားတဲ့ဟာ ဘယ်လိုလုပ်ထွက်မလဲ တဖက်နိုင်ငံကို။ အဲဒီလိုပါပဲဗျာ တရားဥပဒေစိုးမိုး မရှိလို့ တရားဥပဒေစိုးမိုးမူမရှိလို့ပါ”

မြန်မာ-ဘင်္ဂလားနယ်စပ်မြို့ ဖြစ်တဲ့ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်တွင်းမှာ ကျပ်သန်းပေါင်း တသောင်းကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးအလုံးရေပေါင်း ၆၈သိန်းကျော် ကို ပြီးခဲ့တဲ့၂၀၁၆ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့ ကနယ်မြေခံအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့သလို ၂၀၁၇ဖေဖော်ဝါရီ အတွင်း မှာပဲ မောင်တော၊ အလယ်သံကောက် ကားလမ်းရှိ ရွှေဗဟို ဘုန်းတော်ကြီး ကျောင်း အတွင်းမှ ကျပ်သန်း ၉၀၀၀ ကျော် တန်ဖိုးရှိစိတ်ကြွ ဆေး ၄၆ သန်းကျော်ကို ဖမ်းမိခဲ့ ပါတယ်။ မကြာခဏ ဆိုသလို ရခိုင်ပြည်နယ်အတွင်းမှာ စိတ်ကြွဆေးဖမ်းဆီးမူတွေက အများဖြစ်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG