သုံးရလွယ်ကူစေသည့် Link များ

ကြားဖြတ်ရွေးကောက်ပွဲက ပေးတဲ့ NLD အတွက် သဘောထား


မကြာခင်ကပဲ ကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် ကိုယ်စားလှယ် ၁၉ နေရာထဲက ၁၈ နေရာမှာ ဝင်ပြိုင်ခဲ့တဲ့ လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ၉ နေရာမှာ အနိုင်ရခဲ့ပါတယ်။ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဦးတည် ကြိုးစားနေတဲ့ NLD အနေနဲ့ တိုင်းရင်းသား ဒေသတွေမှာ ရှုံးနိမ့်ခဲ့တာဟာ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးအတွက် စိုးရိမ်စရာ ဖြစ်လာနေပါသလား။ NLD အနေနဲ့ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ် ဆိုတာကို ဗွီအိုအေ အယ်ဒီတာဒေါ်ခင်စိုးဝင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်း၊ မဟာဗျူဟာနဲ့ မူဝါဒရေးရာအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်၊ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် တို့နဲ့အတူ ဗွီအိုအေသောတရှင်တွေ ရဲ့အမြင်ကို အသံဖိုင်မှာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။

XS
SM
MD
LG