သုံးရလွယ်ကူစေသည့် Link များ

မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကြားက သံလွင်မြစ်ကူးတံတားကို အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုပြီး အမည်ပေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့တဲ့အပေါ် ဒေသခံ တိုင်းရင်းသားတွေကြား မကျေမနပ် ကန့်ကွက်သံတွေ ထွက်ပေါ်နေပါတယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို အလေးမထားရာ ကျနေတယ် ဆိုပြီးတော့လည်း အင်တာနက် လူမှုကွန်ယက်တွေမှာ ဝေဖန်စရာ ဖြစ်နေရတာပါ။ ဒါဟာ တာဝန်ရှိသူတွေဖက်က စဉ်းစဉ်းစားစား မလုပ်ခဲ့တာလား၊ တိုင်းရင်းသားတွေဖက်က အကဲဆတ်လွန်းတာလား ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေးထားပါတယ်။

XS
SM
MD
LG