သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအကြို ဖိနှိပ်ခံပါတီတွေကို NLD ဦးဆောင်သင့်သလား


မြန်မာနိုင်ငံစစ်အစိုးရဟာ သူတို့ ကျင်းပပေးမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့ ပါတီတွေကို ကန့်သတ် ချုပ်ချယ်မှုတွေ ပိုမို ပြုလုပ်လာနေသလို တရားမျှတပြီး လွှတ်လပ်သော ရွေးကောက်ပွဲဖြစ်နိုင် အလားအလာလဲ ပိုပြီး မှေးမှိန်လာနေပါတယ်။ ဒီအခြေအနေမျိုးမှာ လူထု ထောက်ခံမှု အားကောင်းတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဖိနှိပ်ချုပ်ချယ်ခံ ပါတီတွေ၊ အင်အားစုတွေကို မားမား မတ်မတ် ဦးဆောင်ပြီး ရှေ့တန်းက တိုက်ပွဲဝင်ခဲ့ရင် ပိုထိရောက်မယ်လို့ ယူဆနေကြသူတွေ ရှိလာနေပါတယ်။ ဒီကိစ္စကို ဘယ်လို သဘောရကြပါသလဲ ဆိုတာ ဆွေးနွေးရအောင် NLD လွှတ်တော်အမတ်လည်းဖြစ်၊ လူမှုရေးလုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင် နေသူလည်းဖြစ်တဲ့ ဦးအုန်းကြိုင်နဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေတို့ကို သောတရှင်တို့နဲ့ ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။

XS
SM
MD
LG