သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်တိုက်ခိုက်သူဖမ်းဆီးနိုင်ရေး Mobile ဖုန်း အသုံးပြု


လက်ကိုင်ဖုန်းတွေရဲ့ အရေးပေါ် သတိပေးစနစ်
လက်ကိုင်ဖုန်းတွေရဲ့ အရေးပေါ် သတိပေးစနစ်

ပထမဦးဆုံးအကြိမ်အဖြစ် လက်ကိုင်ဖုန်းတွေရဲ့ အရေးပေါ် သတိပေးစနစ်ကို အသုံးပြုပြီး New York နဲ့ New Jersey မှာ ဗုံးဖေါက်ခွဲခဲ့သူလို့ သံသယရှိထားသူကို ရှာဖွေဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ ဒီစနစ်ကို အရင်က မိုးလေဝသ သတိပေးချက်နဲ့ ကလေးသူငယ်ပျောက်ဆုံးမှုတွေ မှာ အသုံးပြုခဲ့တာပါ။

နယူးယောက် မြို့တွင်းမှာရှိတဲ့ လက်ကိုင်ဖုန်းတွေအားလုံးမှာ တနင်္လာနေ့က အရေးပေါ် အချက်ပေးသံတွေ စတင် ထွက်ပေါ်လာခဲ့ပါတယ်။ပေါ်လာတဲ့ သတိပေးချက်စာတမ်းမှာ အသက် ၂၈ နှစ်အရွယ် အမျိုးသား Khan Rahami ကို အလိုရှိနေကြောင်း ဖေါ်ပြထားပြီး မီဒီယာပေါ်မှာ ဓါတ်ပုံဖေါ်ပြထားကြောင်းနဲ့ သူ့ကို တွေ့ရှိပါက 911 ဖုန်းနံပတ်ကို ခေါ်ပြီး အကြောင်းကြားဖို့ အသိပေးထားတဲ့အကြောင်း The New York Times မှာ ဖေါ်ပြထားပါတယ်။

အဲဒီသတိပေးချက် ပေးပို့ခဲ့တဲ့တချိန်ထဲမှာပဲ New York မြို့တော်ဝင် Bill de Blasio က CNN ရုပ်သံပေါ်မှာ သံသယရှိသူရဲ့ အမည်ကို ထုတ်ဖေါ်ကြေညာလိုက်ပါတယ်လို့ သတင်းစာမှာ ရေးသားထားပါတယ်။

တနင်္လာနေ့ နေ့ခင်းမှာပဲ New Jersey မှာ လုံခြုံရေးအရာရှိတွေနဲ့ အပြန်လှန်ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ Rahami ကို ဖမ်းဆီးရမိခဲ့တာပါ။ အခုလို အရေးပေါ်သတိပေးချက်ကို အခြေအနေ ၃ ရပ်တို့မှာ ထုတ်ပြန်တာဖြစ်ပါတယ်။ ရာသီဥတု၊ ကလေးပျောက်ဆုံးမှုနဲ့ အမေရိကန်သမ္မတက ထုတ်ပြန်တဲ့ အရေးပေါ်သတိပေးချက်တို့ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG