သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ယွမ်ငွေ တန်ဖိုးကျ


တရုတ်နိုင်ငံရဲ့ Renmibi လို့ခေါ်တဲ့ ယွမ်ငွေတန်ဖိုး သောကြာနေ့က ကျသွားပြီးတဲ့နောက် တနင်္လာနေ့မှာတော့ ဒေါ်လာနဲ့ လဲလှယ်တဲ့နေရာမှာပါ တန်ဖိုး ကျသွားခဲ့ပါတယ်။

တရုတ်အစိုးရအနေနဲ့ သူ့ရဲ့ ငွေကြေးကို ချယ်လှယ်နေတယ်လို့ ရွေးကောက်ခံ အမေရိကန်သမ္မတ Donald Trump က ကြေညာမယ်လို့ ခြိမ်းချောက်ထားတာကြောင့် အခုလို ယွမ်ငွေတန်ဖိုး ကျတဲ့ကိစ္စအပေါ် တရုတ်အစိုးရက နိုင်ငံခြားငွေ လဲလှယ်ရေး ကြီးကြပ်ရေးအဖွဲ့အတွက် စိန်ခေါ်မှုတွေ ဖြစ်ပေါ်စေပါတယ်။

ဈေးကွက်မှာအမေရိကန်ဒေါ်လာနဲ့ လဲလှယ်တဲ့ ယွမ်ငွေတန်ဖိုးကို ၆.၈၆၆၈ ကနေ ၆.၉၂၆၂ အဖြစ် တရုတ်ဗဟိုဘဏ်က တနင်္လာနေ့မှာ ပြောင်းလဲသတ်မှတ်ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ယွမ်နဲ့ ငွေကြေး လဲလှယ်တဲ့နေရာမှာ အစိုးရက သတ်မှတ်ထားတဲ့ ငွေလဲနှုန်းထက် အတက်အကျ ၂% အထိ အပြောင်းအလဲ ဖြစ်ခံပြီး လဲလှယ်ခွင့် ပြုထားတာ ဖြစ်ပါတယ်။

ယွမ်ငွေဈေးကို အကြီးအကျယ် ရိုက်ခတ်မှာကို ကာကွယ်တဲ့အနေနဲ့ရော ငွေကြေး အကြပ်အတည်းတွေ ရင်ဆိုင်ရမှာ စိုးရိမ်အတွက်ရောကြောင့် တရုတ် ဗဟိုဘဏ်က ငွေလဲနှုန်းကို ချဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ပြည်ပမှာ ယွမ်ငွေတန်ဖိုး အခုလို ကျသွားတာဟာ မနှစ် ဇွန်လကစလို့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ တရုတ်လူမျိုးတွေ ပြည်ပမှာ ပိုင်ဆိုင်မှုတွေ ဝယ်ယူရေးအတွက် ငွေကြေး လဲလှယ်မှုကို အစိုးရက ကန့်သတ်ပြီး မကြာခင်မှာ ငွေတန်ဖိုး ကျသွားတာလည်း ဖြစ်ပါတယ်။

ယွမ်ငွေတန်ဖိုး ကျဆင်းရဲ့ အဓိက အကြောင်းရင်းတခုဖြစ်တဲ့ ပြည်ပကို ငွေတွေအလုံးအရင်းနဲ့ ထွက်နေတာတွေကို အစိုးရအနေနဲ့ ထိန်းချုပ်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

တရုတ်ယွမ်ငွေ တန်ဖိုးကျ
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG