သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုပင်လုံညီလာခံ တရုတ်ချီးကျူးဂုဏ်ပြု


A judge checks the aroma of a blue cheese in one of the 116 categories in which cheeses are entered, in Green Bay, Wis., March 5, 2019. Judges sample multiple cheeses over the course of two days.
A judge checks the aroma of a blue cheese in one of the 116 categories in which cheeses are entered, in Green Bay, Wis., March 5, 2019. Judges sample multiple cheeses over the course of two days.

မြန်မာနိုင်ငံမှာကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကနေ ၂၁ ရာစု ပင်လုံကို နှုတ်ခွန်းဆက်သပြီး ချီးကျူးဂုဏ်ပြုပါ ကြောင်း တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။

“ဒီညီလာခံကျင်းပတဲ့အပေါ် မြန်မာအစိုးရကို ချီးကျူးဂုဏ်ပြုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ဖြစ်ပေါ်ဖို့၊ အားလုံးကြား မှာ နားလည်မှုနဲ့ ယုံကြည်မှု အားကောင်းစေဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားပေးမြှင့်တင်ဖို့ ဒီညီလာခံက အထူး အရေးကြီးတယ်လို့ ယုံကြည်ပါတယ်။ ကွဲပြားချက်တွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့၊ နိုင်ငံတဝန်းမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အခြေအနေတွေဖန်တီးဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဆိုပြီး တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hua Chunying က ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်စေမယ့် လုပ်ရပ်တွေအားလုံးကို မြန်မာ့မိတ်ဆွေအိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ အားပေးထောက်ခံတဲ့အကြောင်း၊ အာရှရေးရာ တရုတ်အထူးသံတမန် Sun Guoxiang ကို ညီလာခံတက်ဖို့ ဖိတ်ကြားထားကြောင်း၊ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာ အစိုးရနဲ့ တခြားသက်ဆိုင်သူတွေ ဆန္ဒရှိတဲ့အတိုင်း စေ့စပ်ညှိနှိုင်းမှု၊ ဆွေးနွေးပြောဆိုတာကို အားပေးမှုတွေကနေတဆင့် တရုတ် နိုင်ငံဟာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်ပြီး ပါဝင်သွားပါမယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hua Chunying ကပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG