သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်အနီး တရုတ်စစ်ရေးလေ့ကျင့်


တရုတ်မြန်မာနယ်စပ် လုံခြုံရေးတပ်ဖွဲ့ဝင်တဦးကို တွေ့ရစဉ်
တရုတ်မြန်မာနယ်စပ် လုံခြုံရေးတပ်ဖွဲ့ဝင်တဦးကို တွေ့ရစဉ်

မကြာသေးခင်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပဋိပက္ခ ဖြစ်ပွားရာ မြန်မာ-တရုတ်နိုင်ငံ နယ်စပ်ဒေသမှာ တရုတ်စစ်တပ်က ဒီကနေ့ပဲ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။ တရုတ်ပြည်သူ့တပ်မတော်ရဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှု တစိတ်တပိုင်းအဖြစ် တရုတ်နိုင်ငံ တောင်ပိုင်းမှာ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြကြောင်း အစိုးရပိုင် ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

ကြည်း၊ ရေ၊ လေ ပူးတွဲစစ်ဆင်ရေးကိုတော့ အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ဒေသလုံခြုံရေးကို ရည်ရွယ်ပြီးလေ့ကျင့်ခဲ့တာလို့လည်း စစ်ဆင်ရေးကို ကြီးကြပ် ကွပ်ကဲနေတဲ့ တရုတ်စစ်တပ်က ဗိုလ်မှူးကြီး Fang Xin ပြောဆိုခဲ့ပါတယ် စစ်ဆင်ရေးမတိုင်မီ မြန်မာအာဏာပိုင်တွေကို အကြောင်းကြားထားခဲ့ကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံ နယ်စပ်ဒေသက တိုက်ပွဲတွေအပါအဝင် တိုင်းရင်းသားဒေသက လက်နက်ကိုင် ပဋိပက္ခတွေက တိုင်းပြည် အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှုတရပ်အဖြစ် မနေ့တုန်းက တပ်မတော်နေ့အခမ်းအနားမှာ ပြောဆိုခဲ့ပြီး နောက်တနေ့မှာပဲ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG