သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယွမ်ငွေတန်ဘိုး လျှော့ချရေး တရုတ်လုပ်မည်မဟုတ်


အမေရိကန်ဒေါ်လာနဲ့ တရုတ်ယွမ်ငွေ
အမေရိကန်ဒေါ်လာနဲ့ တရုတ်ယွမ်ငွေ

တရုတ်နိုင်ငံက ကုန်သွယ်ရေးအသာရဖို့အတွက် ငွေကြေးတန်ဖိုးချထားဖို့ ရည်ရွယ်ချက် မရှိဘူးလို့ သောကြာနေ့က ပြောကြားလိုက်ပါတယ်။ တရုတ်ဟာ ငွေကြေး တန်ဖိုးကို ဈေးကစားအသုံးချတဲ့နေရာမှာ ချန်ပီယံပဲလို့ အမေရိကန်သမ္မတ Donald Trump ကပြောခဲ့တာကို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ Reuters သတင်းဌာနနဲ့ ကြာသပတေးနေ့ကလုပ်ခဲ့တဲ့ မေးမြန်းခန်းမှာ သမ္မတ Trump ကတရုတ်ဟာ ယွမ်ငွေကို အသုံးချနေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

တရုတ်ရဲ့ နိုင်ငံခြား ငွေကြေးလဲလှယ်ရေးစနစ်ကို စနစ်တကျလေ့လာသုံးသပ်သွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးသစ်ကလည်း ကြာသပတေးနေ့ကပဲ ပြောခဲ့တာပါ။ နိုင်ငံခြားနဲ့ကုန်သွယ်ရေးမှာ အသာရအောင် ငွေကြေးမူဝါဒတွေနဲ့ လုပ်ဖို့ရည်ရွယ်ချက် မရှိဘူး နေ့စဉ်သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Geng Shuang ကပြောခဲ့ပါတယ်။ ယွမ်ငွေကြေးလဲလှယ်တဲ့ကိစ္စကို မှန်မှန်ကန်ကန်၊ အပြုသဘောနဲ့ မြင်အောင်ကြည့်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း သူကပြောခဲ့ပါတယ်။

ဒေါ်လာငွေနဲ့လဲလှယ်နှုန်းမှာ တရုတ်က ယွမ်ငွေတန်ဖိုးကို တမင်ချထားပြီး သူ့ရဲ့ပို့ကုန်တွေဈေးပေါအောင်လုပ်ထားတဲ့အတွက်၊ အမေရိကန်ကုန်ထုတ်လုပ်ငန်းတွေ မယှဉ်နိုင်ဖြစ်နေရတာလို့ သမ္မတ Trump ကအကြိမ်ကြိမ် စွပ်စွဲပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တွင်း ဒေါ်လာနဲ့ လဲလှယ်တဲ့ ယွမ်ငွေတန်ဖိုး၆.၆ % ကျဆင်းခဲ့ပြီး၊ ဒါဟာ ၁၉၉၄ခုနှစ်ထဲကဆိုရင် တနှစ်အတွင်းအနိမ့်ဆုံးကျဆင်းခဲ့တာဖြစ်တယ်လို့ Reuters သတင်းထဲမှာ ဖော်ပြထားပါတယ်။

ယွမ်ငွေတန်ဘိုး လျှော့ချရေး တရုတ်လုပ်မည်မဟုတ်
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG