သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေထုညစ်ညမ်းမှု အမြန်ဆုံးဖြေရှင်းဖို့ တရုတ်အစိုးရစီစဉ်


တရုတ်နိုင်ငံအတွင်း လေထုညစ်ညမ်းမှု ဖြစ်ပွားနေစဉ်
တရုတ်နိုင်ငံအတွင်း လေထုညစ်ညမ်းမှု ဖြစ်ပွားနေစဉ်

တရုတ်နိုင်ငံမှာ လျှပ်စစ်ဓါတ်နဲ့ အပူဓါတ် ရရှိဖို့ ကျောက်မီးသွေး သုံးစွဲမှုကနေ ရလာတဲ့ မီးခိုးမြူတွေ ဆိုင်းတဲ့ လေထုညစ်ညမ်းမှု ပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ ကြိုးစားမယ်လို့ တရုတ်ဝန်ကြီးချုပ် Li Keqiang က ကတိပြုလိုက်ပါတယ်။

မီးခိုးမြူတွေ ဆိုင်းနေတဲ့ ပြဿနာဟာ တရုတ်နိုင်ငံရဲ့ သဘာဝဝန်းကျင်ဆိုင်ရာ ပြဿနာတွေထဲမှာ ထင်သာမြင်သာမှု အရှိဆုံး ဖြစ်နေတာမို့ ဒါကို တနင်္ဂနွေနေ့ နှစ်ပတ်လည် လွှတ်တော်ညီလာခံ အဖွင့်မိန့်ခွန်း ပြောကြားရာမှာ ဝန်ကြီးချုပ်က ဦးစားပေးဖြေရှင်းမယ့်အကြောင်း ထည့်သွင်းပြောကြား ခဲ့တာ ဖြစ်ပါတယ်။

၁၀ ရက်ကြာ ညီလာခံ မကျင်းပခင်မှာ တိုက်ခတ်ခဲ့တဲ့ မြောက်လေပြင်းက မီးခိုးမြူတွေကို ဖယ်ရှားပေးခဲ့တာမို့ အခုအချိန်မှာတော့ ကြည်လင် တဲ့ ကောင်းကင်ပြာ အောက်မှာ ညီလာခံကျင်းပနိုင်တာပါ။ တရုတ်နိုင်ငံမှာ ဓါတုစက်ရုံတွေတည်ဆောက်တာနဲ့ အတူ အမှိုက်ပုံတွေ မီးရှို့တာကအစ သဘာဝ ဝန်းကျင်ညစ်ညမ်းမှုက အန္တရာယ် ကြီးတဲ့ အဆင့်ထိရောက်လာတာမို့ မြို့နေလူထုတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ တိုးလာနေတယ် လို့ AP သတင်းမှာ ဖေါ်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ ညစ်ညမ်းနေတဲ့ လေထုအရည်သွေး တိုးတက်ကောင်းမွန်ဖို့ လူထုရဲ့ မျှော်လင့်ချက်တွေ သိပ်ကြီးလာတာမို့ အမြန် တိုးတက် အောင် လုပ်ဆောင်မယ်လို့ ကိုယ်စားလှယ်တော် ၃၀၀၀ လောက် တက်ရောက်လာတဲ့ ညီလာခံမှာ ဝန်ကြီးချုပ် Li က ကတိပေးလိုက် တာပါ။

အစိုးရအနေနဲ့ လာမယ့် နှစ်အတွင်း ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေကို ဖန်လုံအိမ် ဓါတ်ငွေ့ တတ်နိုင်သမျှ နည်းနည်းပဲ ထွက်အောင် အဆင့်မြှင့်ပြီး စွမ်းအင်ထိန်းသိမ်းနိုင်အောင် တိုးမြှှုင့် လုပ်ဆောင်မယ့်အပြင် လက်ရှိလျှပ်စစ်ပေးဝေနေတဲ့ လိုင်းတွေမှာ လေနဲ့ နေရောင်ခြည် စွမ်းအင်လို ပြန်လည် ပြည့်မြဲစွမ်းအင်တွေနဲ့ ရောပြီး သုံးဖို့ ဦးစားပေး လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG