သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာဆိုက်ဘာအကြမ်းဖက်မှု နှိမ်နင်းရေး တရုတ်ကြိုးပမ်း


ဆိုင်ဘက်ကနေ တိုက်ခိုက်တာတွေနဲ့ ဆိုင်ဘာ အကြမ်းဖက်ဝါဒကို နှိမ်နင်းဖို့အတွက် အင်တာနက်ကို အစိုးရက ပိုပြီး ထိန်းချုပ်နိုင် ရေး နိုင်ငံတကာ သဘောတူညီချက်တရပ်ရဖို့ တရုတ်က ကြိုးစားနေပါတယ်။ ရေမြေနယ်နိမိတ်တွေအပေါ် အချုပ်အခြာအာဏာ ပိုင်မှုဆိုင်ရာ လက်ရှိအနေအထားကို ဆိုင်ဘာနယ်ပယ်အထိ တရုတ်က ချဲ့ထွင် လုပ်ဆောင်ချင်တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ ပူးပေါင်းလုပ်ဆောင်မှုတခုမှာ နိုင်ငံအမျိုးမျိုးပါဝင်လာစေဖို့ ဘယ်လို စည်းရုံးသွားမယ်ဆိုတာကို ဆွေးနွေးထားတဲ့ ပထမဆုံး အဆိုပြုချက်စာတမ်းကို တရုတ်နိုင်ငံက ထုတ်ပြန်ထားပါတယ်။ ချဉ်းကပ်တဲ့ပုံကတော့ ဆိုင်ဘာ အင်တာနက် ထိန်းချုပ်မှုမှာ ပုဂ္ဂလိကအခန်းကဏ္ဍကို လျှော့ချပြီး အစိုးရတခုချင်းစီကို လုပ်ပိုင်ခွင့်အာဏာ ပိုပေးဖို့ဖြစ်ပါတယ်။

တကမ္ဘာလုံးကနိုင်ငံတွေဟာ ဆိုင်ဘာ တိုက်ခိုက်မှုတွေအပေါ် ပိုပြီး စိုးရိမ်လာကြတဲ့အကြောင်း၊ ဆိုင်ဘာလောကဟာ တရား ဥပဒေမဲ့လောက မဖြစ်သင့်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဌာန၊ ဆိုင်ဘာရေးရာဌာနခွဲရဲ့ လုပ်ငန်းညှိနှိုင်းရေးမှူး Long Zhou ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ပထမဆုံး မူဝါဒရေးရာစာတမ်းဖြစ်တဲ့ ဆိုင်ဘာလောကဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံ တကာမဟာဗျူဟာဆိုတာကို ပြီးခဲ့ဲတဲ့သီတင်းပတ်ကပဲ တရုတ်နိုင်ငံက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG