သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မြောက်ပိုင်း မီးခိုးမြူတွေဖုံးလွှမ်း


တရုတ်နိုင်ငံမြောက်ပိုင်းမှာ ထူထပ်သိပ်သည်းတဲ့ မီးခိုးမြူတွေ ဖုံးလွှမ်းနေတဲ့အတွက် ဒေသခံတွေ အသက်ရှုရကြပ်နေကြပြီး ဒေသအာဏာပိုင်တွေက စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုတွေကို တားမြစ်ထားပြီး၊ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားရပါတယ်။ ဒါဟာဆိုရင် သဘာဝပတ်ဝန်းကျင် ညစ်နွမ်းမှုနဲ့ ပတ်သက်ပြီး သတိပေးချက် အဆင့် ၄ မျိုး ရှိတဲ့အနက် အမြင့်ဆုံးလည်း ဖြစ်ပါတယ်။

ဒါဇင်နဲ့ချီပြီးရှိတဲ့ လေကြောင်းခရီးစဉ်တွေကိုလည်း ပိတ်ပင်ထားပြီး၊ သွားလာရေးတွေ ကန့်သတ်မှုတွေ ပြုလုပ်ထားသလို၊ ဓာတ်အားပေးစက်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ စက်ရုံအလုပ်ရုံတွေ လည်ပတ်မှုတွေ ဖြတ်တောက်ထားပါတယ်။

ဒေသအတွင်းမှာ လူဦးရေ သန်းပေါင်း ဆယ်ဂဏန်း နေထိုင်လျက်ရှိပြီး အထူးသဖြင့် ဆောင်းရာသီမှာ ကျောက်မီးသွေးက ဓာတ်အားပေး စက်ရုံတွေကနေ ထုတ်လုပ်ပေးရပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ လုံခြုံစိတ်ချရမှု အဆင့်ထက် ၁၀ ဆ ပိုမိုဆိုးရွားတဲ့ အခြေနေမှာ ရှိနေပါတယ်။

တရုတ်အစိုးရက အနာဂတ်တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုကို ခြိမ်းခြောက်နေတဲ့ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ ၂၀၁၄ ခုနှစ်က ကြေညာခဲ့ပါတယ်။ ထုံးစံအတိုင်း ဒီလိုစိုးရိမ်မှုအတွက် သတိပေးတားမြစ်တဲ့အပေါ် လူအများကတော့ သိပ်အလေး ဂရုမပြုကြပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG