သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ရေးတံခါးဖွင့်ဝါဒ တရုတ်ခေါင်းဆောင် ထောက်ခံ


ကမ္ဘာမှာ ကုန်သွယ်ရေးစစ်ပွဲကြီး ပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်း တရုတ်သမ္မတ Xi Jinping က ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အင်္ဂါနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း သတိပေးပြောကြားသွားပါတယ်။

ကိုယ်ကျိုးစီးပွားကာကွယ်တဲ့ဝါဒ ကျင့်သုံးတာဟာ အမှောင်ခန်းထဲမှာ တံခါးပိတ်နေတာနဲ့တူပြီး - မိုးဒဏ်လေဒဏ်က လွတ်ကင်းကောင်း လွတ်ကင်းနိုင်ပေမဲ့ - အလင်းရောင်နဲ့ လေကောင်းလေသန့်တော့ ရနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ တရုတ်သမ္မတရဲ့ သတိပေးချက် ဟာ - တရုတ်ကုန်ပစ္စည်းတွေကို အခွန် ၄၅% သတ်မှတ်ပြီး၊ အမေရိကန် ပြင်ပမှာထုတ်လုပ်တဲ့ ဂျာမနီနိုင်ငံလုပ် ကားတွေကို အခွန် ၃၅% သတ်မှတ်ဖို့ ကတိပေးထားတဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ကို သိသိသာသာ ရည်ညွှန်းပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ကုန်သွယ်ရေးစစ်ပွဲဟာ နိုင်ငံအားလုံးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို သမ္မတရှီက ရှင်းရှင်းလင်းလင်း ပြောဆိုလိုက် တာဖြစ်သလို၊ တရုတ်နိုင်ငံ အနေနဲ့ အမေရိကန်သမ္မတသစ်အဖြစ် ထရမ့်ရဲ့ ဆုံးဖြတ်ချက်တွေကို စောင့်ကြည့်ပြီး၊ လိုအပ်သလို တုံ့ပြန်ကာကွယ် မှုတွေ လုပ်နိုင်တယ်လို့လည်း လန်ဒန်မြို့က King’s College က တရုတ်ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ Kerry Brown က ဗွီအိုအေကို ပြောပါ တယ်။

တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ဆန့်ကျင်မှုမရှိတဲ့ တိုင်းပြည်တွေမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်စွမ်းရှိတဲ့ အရင်းအမြစ်တွေ အမြောက်အများရှိတယ်လို့လည်း တရုတ်သမ္မတက ပြောဆိုခဲ့တာပါ။ ရှေ့လာမယ့် ၅ နှစ်အတွင်း တရုတ်နိုင်ငံက ဒေါ်လာ ၈ ထီလီယံ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေ တင်သွင်းမှာဖြစ်သလို၊ ပြည်ပလုပ်ငန်းတွေမှာ ဘီလီယံ ၇၅၀ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လာမယ့် ၅ နှစ်အတွင်း တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတွေဟာလည်း ပြည်ပခရီးစဉ် သန်းပေါင်း ၇၀၀ လောက် ထွက်ခွာကြမှာမို့ ကမ္ဘာ့စီးပွားရေးကို အထောက်အ ကူဖြစ်စေလိမ့်မယ်လို့လည်း တရုတ်သမ္မတက ပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG