သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ် လွတ်လပ်ရေးကိစ္စ တရုတ် သတိပေး


တိုင်ပေမြို့မှာလုပ်တဲ့ တိုင်ဝမ်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ
တိုင်ပေမြို့မှာလုပ်တဲ့ တိုင်ဝမ်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ

တိုင်ဝမ်ကျွန်းက လွတ်လပ်ရေးရဖို့ လုပ်လာမယ့်အရေးအပေါ် တရုတ်က သတိပေးလိုက်ပါတယ်။ တိုင်ဝမ်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ကျမ်းသစ္စာကျိန်ဆိုပြီးလို့ နာရီပိုင်းအတွင်းမှာပဲ တရုတ်ရဲ့သတိပေးချက် ထွက်လာတာပါ။

သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ
သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ

သီးခြားလွတ်လပ်ရေးအတွက် လုပ်လာမယ်ဆိုရင် တိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရှိဖို့ မဖြစ်နိုင်ဘူးလို့ တရုတ်နိုင်ငံ၊ တိုင်ဝမ်ရေးရာရုံးရဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။ တိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းဖို့ရာ ငြိမ်းချမ်းစွာ ဖြစ်ထွန်းမှုနဲ့ ရေလက်ကြားဖြတ်ဆက်ဆံရေး ငြိမ်းချမ်းစွာဖြစ်ထွန်းဖို့ တို့အတွက် လွတ်လပ်ရေးဟာ အကြီးမားဆုံးအန္တရာယ် ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကျမ်းကျိန်ပွဲ
ကျမ်းကျိန်ပွဲ

တိုင်ပေမြို့မှာလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာတော့ သမ္မတသစ် Tsai In-wen က တရုတ်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲ လုပ်ဖို့ တောင်းဆို ပါတယ်။ ရေလက်ကြားတဖက်တချက်က အစိုးရနှစ်ခုအနေနဲ့ နှစ်ဘက်စလုံးက လူထုတွေရဲ့ အကျိုး စီးပွားအတွက် အတိတ်ကဖြစ်ရပ်တွေကို ဘေးဖယ်ပြီး အပြုသဘောဆောင် ပြောဆိုရပါမယ်လို့ သမ္မတ Tsai ကပြောပါတယ်။

ဒီနှစ်အစောပိုင်းကလုပ်တဲ့ ရွေးကောက်ပွဲမှာ တိုင်ဝမ်ကျွန်း လွတ်လပ်ရေးကို လိုလားတဲ့ Tsai ရဲ့ Democratic Progressive ပါတီ DPP က အပြတ်အသတ် အနိုင်ရခဲ့တာပါ။ လွန်ခဲ့တဲ့ ၈ နှစ်အတွင်း တရုတ်အစိုးရနဲ့ ဆက်ဆံရေး ထူထောင်ခဲ့တဲ့ Nationalist ပါတီ KMT ကို DPP က အနိုင်ရလိုက်တာဖြစ်ပါတယ်။

တိုင်ဝမ်အစိုးရသစ်နဲ့ လက်တွဲ လုပ်ဆောင်သွားဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်ပြည်ထောင်စုကလည်း ဒီကနေ့မှာပဲ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG