သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pompeo ကို CIA ညွှန်ကြားရေးမှူးသစ်အဖြစ် အထက်လွှတ်တော် အတည်ပြု


Republican အထက်လွှတ်တော်အမတ် Mike Pompeo
Republican အထက်လွှတ်တော်အမတ် Mike Pompeo

CIA ဗဟိုအစိုးရထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးသစ်အဖြစ် အမည်တင်သွင်းခြင်းခံရသူ Republican အထက်လွှတ်တော်အမတ် Mike Pompeo ကို အထက်လွှတ်တော် က တနလာၤနေ့ကအတည်ပြု ပေးလိုက် ခြင်းအားဖြင့် ၊ သမ္မတ Trump ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့ဝင်တွေနေရာဖြည့်ပေးရေးကို အထက်လွှတ်တော်ကဆက်လက် ဆောင်ရွက်နေပါတယ်။

လွှတိတော်ရဲ့ တခဲနက်ထောက်ခံမှုကိုရရှိတဲ့ Pompeo ဟာ ကာကွယ်ရေးဝန်ကြီးအဖြစ်အတည်ပြုခဲ့သူ John Mattis နဲ့ အမိမြေလုံခြုံရေးဌာနဝန်ကြီး အဖြစ်အတည်ပြုခံခဲ့ရသူ John Kelly တို့နဲ့အတူ Trump အစီုးရသစ် စာရင်းထဲမှာပါဝင်လာခဲ့ပြီးဖြစ်ပါတယ်။

အောက်လွှတ်တော် ထောက်လှမ်းရေးဆိုင်ရာကော်မတီမှာ Pompeoရဲ့ စွမ်းဆောင်ခဲ့မျုကြောင့်၊နှစ်ပါတီစလုံးကသူ့ကိုတခဲနက်ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။

ဒီအတော်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်ဖို့ သမ္မတ Trump ရွေးချယ်ထားတဲ့သူ ရေနံသူဋ္ဌေးကြီးဖြစ်တဲ့ Rex Tillerson ကို ခန့်အပ်ဖို့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ကန့်ကွက်မဲ ၁၀ မဲ၊ ထောက်ခံမဲ ၁၁ မဲနဲ့ အတည်ပြုုပေးလိုက်ပါတယ်။ Tillerson အနေနဲ့ အထက်လွှတ်တော် ရဲ့ မဲခွဲဆုံးဖြတ်မှုကို ရယူပြီး နိုငိငံခြားရေးဝန်ကြီးသစ် အဖြစ်ခန့်အပ်ခံရမှာဖြစ်ပါတယ်။

Tillerson ဟာ ရုရှားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကြောင့် စိုးရိမ်ရတယ်လို့ အစောပိုင်းက ပြောခဲ့ကြတဲ့ Republican ပါတီက သြဇာညောင်းတဲ့ အထက်လွှတ်တော်အမတ် John McCain နဲ့ Lindsey Graham တို့က တနင်္ဂနွေနေ့ကတော့ထောက်ခံမယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံခြားဆက်ဆံရေးကော်မတီမှာပါတဲ့ အထက်လွှတ်တော်အမတ် Marco Rubio ကလည်း အခုတော့ထောက်ခံမယ့်အရိပ်အယောင်ပြခဲ့တာကြောင့် Rex Tillerson နိုင်ငံခြားရေးအဖြစ် ခန့်အပ်နိုင်ဖို့ သေချာခဲ့တာဖြစ်ပါတယ်။ နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ Republican အမတ်အရေအတွက်က Democrat အမတ်ထက် ၁ ဦးပိုသာပါတယ်။

XS
SM
MD
LG