သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုပြောင်းလဲမှုဆိုင်ရာစာချုပ်အတွက် ကမ္ဘာတလွှား တောင်းဆို


ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ နိုဝင်ဘာလ ၃၀ ရက်နေ့ ကျင်းပမယ့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ နိုဝင်ဘာလ ၃၀ ရက်နေ့ ကျင်းပမယ့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ။

ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ နိုဝင်ဘာလ ၃၀ ရက်နေ့ ကျင်းပမယ့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံမှာ ထိရောက်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စာချုပ်တခု ပေါ်ပေါက်လာရေး ဖိအားပေးတဲ့ အနေနဲ့ ကမ္ဘာတလွှားမှာ ချီတက် တောင်းဆိုမှုတွေ ဆင်နွှွဲနေကြပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံက သဘာ၀ ပတ်ဝန်းကျင် အရေး တက်ကြွ လှုပ်ရှားသူတွေက ဒီကနေ့မှာဘဲ ဒါကာမြို့တော်မှာ လူထု စုဝေး ချီတက်ပွဲ တရပ်ကို ပြုလုပ်ခဲ့ကြပြီး ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရေး အတွက် အလေးထားဆောင်ရွက်ဖို့ နိုင်ငံခေါင်းဆောင်တွေကို တောင်းဆိုခဲ့ကြပါတယ်။

ပါရီမြို့မှာ ကျင်းပမယ့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံမှာ ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချရေး အပေါ် သဘောတူညီချက် တရပ်ထွက်ပေါ်လာရေး ကမ္ဘာ့ ခေါင်းဆောင်တွေကို ဖိအားပေးတဲ့ ကမ္ဘာတလွှား လူထု လှုပ်ရှားမှုအဖြစ် သြစတြေးလျနိုင်ငံ ဆစ်ဒ်နီမြို့မှာလည်း ဒီကနေ့ တတိယမြောက်နေ့ အဖြစ် သောင်းနဲ့ချီတဲ့ လူတွေ စုဝေး ချီတက်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာလည်း ရာနဲ့ချီတဲ့ လူတွေ စုဝေးချီတက်ကြပြီး ရုပ်ကြွင်းလောင်စာဆီ အပေါ် မှီခိုမှုကို လျှော့ချပြီး ပြန်ပြည့်မြဲ စွမ်းအင်ကို စတင်အသုံးပြုဖို့နဲ့ သစ်တောတွေနဲ့ မြေလွတ်မြေရိုင်းတွေပေါ်မှာ စားအုံးဆီ စိုက်ခင်းတွေ တိုးချဲ့ စိုက်ပျိုးမှုတွေကို ရပ်ဖို့ အတွက် အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

ဟောင်ကောင်၊ ဖိလစ်ပိုင်နဲ့ တောင်ကိုးရီးယား နိုင်ငံတို့မှာလည်း ရာနဲ့ချီတဲ့ ပြည်သူတွေ လူထု စုဝေးပွဲတွေ ကျင်းပခဲ့ပါတယ်။ မနက်ဖြန် တနင်္လာနေ့မှာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကုလ ညီလာခံမှာတော့ အမေရိကန် သမ္မတ Barack Obama၊ တရုတ် သမ္မတ Xi Jinping၊ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi၊ ရုရှား သမ္မတ Vladimir Putin အပါအဝင် နိုင်ငံ ခေါင်းဆောင် ၁၅၀ ကျော်တို့ တက်ရောက်ဖို့ ရှိပြီး ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲ မှုဆိုင်ရာ သဘောတူညီချက် တရပ်ချမှတ်နိုင်ရေး ဆွေးနွေးကြမှာပါ။

ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ သမိုင်းမှာ အကြီးဆုံး လှုပ်ရှားမှု အဖြစ် ဆစ်ဒ်နီ၊ ဂျကာတာ၊ ဘာလင်၊ လန်ဒန်၊ ဆော်ပိုလိုနဲ့ နယူးယောက် မြို့တို့ အပါအဝင် ကမ္ဘာ့မြို့ကြီးတွေမှာ ရာသီဥတု ဆိုင်ရာ လှုပ်ရှားမှုပေါင်း ၂၀၀၀ ကျော်တို့ကို ကျင်းပဖို့လည်း ပြင်ဆင်ထားတယ်လို့ ဦးဆောင် လှုပ်ရှားသူတို့က ပြောဆိုထားပါတယ်။

XS
SM
MD
LG