သုံးရလွယ်ကူစေသည့် Link များ

ကန်သမ္မတလောင်း ၂ ဦးရဲ့ တရုတ်ရေးရာမူဝါဒ


အမေရိကန်သမ္မတလောင်းတွေဖြစ်တဲ့ ဟယ်လာရီကလင်တန်နဲ့ ဒေါ်နယ်လ်ထရန့်

အမေရိကန်သမ္မတလောင်းတွေဖြစ်တဲ့ ဟယ်လာရီကလင်တန်နဲ့ ဒေါ်နယ်လ်ထရန့်

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလို ပြိုင်ဖက် သမ္မ တလောင်းနှစ်ဦး အကြိတ်အနယ် မဲဆွယ်စည်းရုံးနေချိန်မှာပဲ သူတို့နှစ်ဦးရဲ့ တရုတ်အပေါ်ဘယ်လို သဘောထားမလဲဆိုတဲ့ မူဝါဒတွေကို သုံးသပ်မှုတွေ ရှိလာပါတယ်။

ဒီမိုကရက်တစ် သမ္မတလောင်း ဟယ်လာရီကလင်တန်ကတော့ တရုတ်နဲ့ အမေရိကန်ဆက်ဆံရေးဟာ ကမ္ဘာမှာ အရှုပ်ထွေးဆုံးနဲ့ အကျိုးအကြောင်း ဆက်စပ်မှုတွေရှိနေတဲ့ ဆက်ဆံရေးမျိုးဖြစ်နေတယ်လို့ မြင်ကြောင်း သူရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးအမျိုးသမီး Laura Rosenberger က ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ ဒါအပြင် အမေရိကန်အနေနဲ့ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို တတ်နိုင်သမျှ ချဲ့ထွင်ရမှာဖြစ်သလို အမေရိကန် အကျိုးစီးပွားကို ဆန့်ကျင်ဖို့ တရုတ်က လုပ်ဆောင်နေချိန်မှာ ကြံကြံခံ ရပ်တည်ရ မှာဖြစ်တည်လို့ သမ္မတလောင်း ကလင်တန်အနေနဲ့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။

ဒါပေမဲ့ ရီပါပလင်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့်ကတော့ သူကိုယ်ပိုင် စီးပွားရေးအကျိုးအမြတ်အပေါ်မှာ အခြေခံပြီး ရလာနိုင်ခြေရှိတဲ့ သတင်းအချက် အလက်အပေါ် စိုးရိမ်သလိုမျိုး တရုတ်နဲ့ ဆက်ဆံရေးမှာလည်း အလွန်ပဲ ရိုးရိုးရှင်းရှင်း မြင်နေပုံရတယ်လို့ Laura Rosenberger ကဆိုပါတယ်။

တောင်တရုတ်ပင်လယ်ပိုင်နက် ကိစ္စမှာတော့ တရုတ်အနေနဲ့ မျှမျှတတ ကိုင်တွယ်ဆောင်ရွက်ဖို့ နဲ့ အင်အားသုံးမဖြေရှင်းဖို့ ကလင်တန်ဘက်က လို လားကြောင်း သူကပြောပါတယ်။ တရုတ်နဲ့ အမေရိကန်ဟာ အခြားကမ္ဘာ့ အရေးတွေဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှု ကိစ္စမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ မကြာသေးခင်နှစ်တွေမှာ တိုးတက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်နယ်ထရန့်ဘက်ကတော့ အမေရိကန်ရဲ့ စစ်တပ်ဟာ အလွန်အားကောင်းတဲ့ စစ် တပ်ဖြစ်တာကြောင့် တောင်ကိုရီးယား၊ ဂျပန်နဲ့ အခြားအရှေ့တောင် အာ ရှ နိုင် ငံတွေမှာ ကာကွယ်ရေးဒုံးကျည်လက်နက်တွေကို ရင်းနှီးမြှုပ်နှံ မယ်လို့ ပြော ခဲ့ကြောင်း သူရဲ့ ကာကွယ်ရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် Alexander Gray ကဆိုပါတယ်။

မြောက်ကိုရီးယားရဲ့  နျူးကလီးယားအရေးမှာတော့ ကလင်တန်အနေ နဲ့ ပြတ်ပြတ် သားသားရှိနေပြီး နျူးကလီးလက်နက်ပိုင်ဆိုင်မှုကို လုံးဝ ခွင့်ပြုမှာမ ဟုတ်ေ ကြာင်းနဲ့ ဒီအရေးဟာ အမေရိကန်ပြည်ထောင်စုကို တိုက်ရိုက်ခြိ မ်းခြောက်နေ တယ်လို့ ခံယူထားကြောင်း သူရဲ့အကြံပေးကပြောပါတယ်။

ဒေါ်နယ်ထရန့်ကတော့ မြောက်ကိုရီးယားကို တိုက်ရိုက်ဖိအားပေးတာထက် တရုတ်နဲ့ဆွေးနွေးညှိုနှိုင်းပြီး အဲဒီကတဆင့် ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ အမြင်ရှိကြောင်း သူရဲ့အကြံပေး Alexander Gray ကပြောပါတယ်။

XS
SM
MD
LG