သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်္ဂလာမွေးနေ့ပါ မောျက်ဝံကြီး Colo


လူဝံမကြီး Colo
လူဝံမကြီး Colo

အမေရိကန် ပြည်ထောင်စု၊ Ohio ပြည်နယ်၊ Columbus မြို့ တိရိစ္ဆာန် ဥယာဉ်မှာ ကမ္ဘာပေါ်က အသက်အကြီးဆုံး ဂေါ်ရီလာ လူဝံမကြီးရဲ့အသက် ၆၀ ပြည့် မွေးနေ့ကို ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။လူဝံမကြီး Colo ရဲ့ မွေးနေ့ပွဲ အတွက် ပေးပို့ကြတဲ့ လက်ဆောင်ပစ္စည်းတွေနဲ့ အခမ်းအနားကို လှလှပပ ပြင်ဆင်ပြီး မွေးနေ့ ကိတ်ကတော့ သူနှစ်သက်တဲ့ ပန်းသီးတွေ ခရမ်းချဉ်သီးတွေနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။

Colo ဟာ အမေရိကန် အနောက်အလယ်ပိုင်းဒေသ မှာ ရှိတဲ့ Columbus တရိစ္ဆာန် ဥယာဉ်မှာ ပထမဆုံး မွေးဖွားသူ ဖြစ်ပြီး သူဟာ မွေးကတည်းက နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။သူဟာ လူဝံလေး ၃ ကောင် မွေးဖွားခဲ့ပြီး သူ့သားသမီးတွေက မွေးဖွားလာတဲ့ မြေး ၁၆ ကောင်နဲ့ မြစ် ၁၂ ကောင်ရှိပြီး အဲဒီမြစ်တွေက ထပ်မွေးတာက ၃ ကောင်ရှိပါတယ်။

သူဟာ မကြာခင်ကမှာ ကင်ဆာကျိတ် ကို ခွဲစိတ်ကုသမှု ခံယူပြီး ဖယ်ရှားပစ်ခဲ့ရတာ ဖြစ်ပြီး အခုတော့ ကျန်းကျန်းမာမာ ရှိနေတယ်လို့ သူ့ကို ကုသပေးတဲ့ ဆရာဝန်တွေက ပြောပါတယ်။

လူတွေမွေးမြူထားတဲ့ လူဝံမတွေရဲ့ သက်တမ်းဟာ ၃၇ ခွဲလောက် ရှိတတ်ပေမယ့် သူက နှစ်ပေါင်း ၂၀ကျော် ပို အသက်ရှည်နေတာပါ။ ဒါဟာ ဆေးကုသမှု ကောင်းကောင်း ခံယူတာ၊ အဟာရ ပြည့်ဝတာနဲ့ စိတ်အေးချမ်းမှု ရစေမယ့် နောက်ဆုံးပေါ် ကုသမှုတွေကြောင့် အသက်ပိုရှည်တာ ဖြစ်ပါတယ်။

သူ့အသက် ၅၆ နှစ် ကတည်းက Colo ဟာ အသက်အရှည်ဆုံး လူဝံအဖြစ် မှတ်တမ်း တင်ခံခဲ့ရတာ ဖြစ်ပါတယ်။

မင်္ဂလာမွေးနေ့ပါ မောျက်ဝံကြီး Colo
please wait

No media source currently available

0:00 0:00:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG