သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းအမျိုးသား အမေရိကန်မှာ လူမှုထူးချွန်ဆု ချီးမြှင့်ခံရ


မြန်မာ-အမေရိကန် လူမှုရေးအသင်းက အမှုဆောင် ညွန်ကြားရေးမှူး Elaisa Vahnie
မြန်မာ-အမေရိကန် လူမှုရေးအသင်းက အမှုဆောင် ညွန်ကြားရေးမှူး Elaisa Vahnie

အမေရိကန်ပြည်ထောင်စု၊ Indiana ပြည်နယ်၊ Indianapolis မြို့က BACI မြန်မာ-အမေရိကန် လူမှုရေးအသင်းက အမှုဆောင် ညွန်ကြားရေးမှူး ချင်းတိုင်းရင်းသား Elaisa Vahnie ဟာ IUPUI လို့ခေါ်တဲ့ Indiana တက္ကသိုလ်၊ Purdue တက္ကသိုလ် က ချီးမြှင့်တဲ့ လူမှုအသိုင်းဝိုင်း ခေါင်းဆောင်ဆု - Community Leader Award ကို ဧပြီလ ၂၃ ရက်နေ့က ချီးမြင့် ခံခဲ့ရပါတယ်။

အာရှနဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေက ရွေ့ပြောင်းနေထိုင်သူတွေအတွက် လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေ ကူညီဆောင်ရွက်ပေးနေတဲ့ ထူးချွန်သူတွေကို ဒီဆု ချီးမြင့်တာ ဖြစ်ပါတယ်။

ဆုရရှိတဲ့ အခြေအနေနဲ့ သူ လုပ်ဆောင်နေတဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေကို Elaisa Vahnie က ခုလို ရှင်းပြပါတယ်။

“ဖြေ။ ။သူတို့က ဒီ Community မှာ Asian Pacific Islander တွေပေါ့လေ၊ အဲဒီကနေလာတဲ့ Community တွေထဲမှာ အလုပ်လုပ်ပြီးတော့မှ ကူညီပေးတယ်၊ Outstanding Community Leader ပေ့ါ၊ အဲလိုပေးတယ်လို့ သူတို့ကတော့ ပြောပါတယ်။ ဧပြီလ ၂၃ ရက်နေ့ကညစာစားပွဲ က ကျနော့်ကိုပေးတာဖြစ်တယ်။

မေး။ ။ Elaisa တယောက်တည်းကိုပဲ ဆုပေးတာလား၊ တနှစ်မှာ တယောက်ပဲလား ဘယ်ကဏ္ဍအတွက်၊ မတူညီတဲ့ ကဏ္ဍတွေအတွက် တနှစ်မှာ ၂ ယောက် ၃ ယောက်ကို ပေးတာလား ၊ တနှစ်မှာ တယောက်ပဲလား။

ဖြေ။ ။ ဟုတ်ကဲ့ကျနော်တို့ ကဏ္ဍ ၃ မျိုးနဲ့ ခွဲထားတယ်။ Professor တယောက်ကိုပေးတယ် ၊ ကျောင်းသား၊သူ တယောက်ကိုပေးတယ်၊ community ထဲကခေါင်းဆောင်တယောက်ကိုပေးတယ်။

မေး။ ။ ကျနော်တို့ သိရသလောက်ဆိုရင် Elaisa က Indiana ပြည်နယ်၊ Indianapolis မြို့မှာရှိတဲ့ မြန်မာနိုင်ငံက ရောက်လာကြတဲ့ လူငယ်တွေ ပညာရေးကိစ္စတွေမှာ၊ လူမှုရေးလုပ်ငန်းတွေမှာ ကူညီလုပ်ဆောင်ပေးနေတာနှစ်တွေလည်း ကြာနေပြီပေါ့နော် ။ အခုဒီလိုဆုရတဲ့အတွက်ရော ဘယ်လို ခံစားရသလဲ။

ဖြေ။ ။ ကျနော်ဂုဏ်ယူပါတယ်။ ဒါပေမယ့်လည်း ဒီဟာက ကျနော့်အတွက်မဟုတ်ပါဘူး။ Burmese American Institute ရဲ့ဝန်ထမ်းတွေ ဘုတ်အဖွဲ့ဝင်တွေ ဝိုင်းဝန်းပြီးမှ အလုပ်လုပ်ရတဲ့ ကျနော်တို့ Community တွေကို ကူညီရတာတွေကို အသိအမှတ်ပြုတယ်လို့ ယူဆမိပါတယ်။

မေး။ ။ Elaisa အခုလုပ်နေတဲ့ Community လုပ်ငန်းတွေ မြန်မာလူမှုအသိုင်းအဝိုင်းကြားမှာ လုပ်ဆောင်ပေးနေတဲ့ဟာတွေ ၊ မြန်မာပြည်ကလာတဲ့ တိုင်းရင်းသားတွေ ၊ ဒီ မြန်မာလူမှုအသိုင်းအဝိုင်းကြားမှာ လုပ်ဆောင်ပေးနေတဲ့ဟာတွေကို အကျဉ်းချုံးပြောပေးလို့ရမလား တိုတိုလေးပေါ့။

ဖြေ။ ။ ကျနော်တို့ Burmese American Institute ဟာဆိုရင် အမေရိကန်နိုင်ငံမှာရောက်လာတဲ့ မြန်မာပြည်သူပြည်သားတွေကို ကူညီဖို့ရန် အဓိကအချက်ပါ။ လုပ်တဲ့အချိန်မှာ ကျနော်တို့ ရည်ရွက်ချက်က ရှင်းရှင်းလင်းလင်းပဲ။ မြန်မာနိုင်ငံစစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့ ပြည်ပကိုထွက်လာတယ်။ ဒုက္ခသည်အနေနဲ့ ဝင်လာတယ်၊ ကျနေ်ာတို့ Indiana ပြည်နယ်မှာဆိုရင် ထောင်ပေါင်း သောင်းနဲ့ ၃ ထောင် ၄ ထောင်ပတ်ဝန်းကျင်ရှိတယ်။ Indianapolis မှာတောင်မှ ၁ သောင်းနဲ့ ၆ ထောင်လောက်ရှိတယ် ဆိုတော့ ကျနော်တို့ ဒီလူတွေ မြန်မာပြည်ကရောက်လာတဲ့ လူတွေ အောင်မြင်လာနိုင်ဖို့ရန် ကိုယ့်ရဲ့ခြေထောက်၊ ပုခုံးပေါ်မှာ ရပ်တည်နိုင်ဖို့ရာ အရေးကြီးတယ်။ အဲလိုဖြစ်မှပဲ ကျနော်တို့ အတွက်လည်းကောင်းတယ်၊ အသိုင်းအဝိုင်း အတွက်လည်းကောင်းတယ်၊ နောက်အနှစ် ၂၀-၃၀ မှာဆိုရင် ကျနော်တို့ နိုင်ငံအတွက်ကို တော်တော်များများပါဝင် ပြီးတော့ လုပ်ဆောင်လာမယ့် အလားအလာပိုများလာမယ်။ အဲဒါကြောင့် ကျနေ်ာတို့ဟာ ပညာရေးမှာ အဓိကထားပြီးတော့ ဝန်ဆောင်မှုတွေလုပ်ပေးတာဖြစ်တယ်။ ဒီHigh School တက်နေတဲ့လူတွေ အောင်အောင်မြင်မြင်နဲ့ အချိန်မီ သူတို့ပြီးမယ်၊ ပြီးတာနဲ့ ကောလိပ် ၊ University (တက္ကသိုလ်) ထဲကို ဝင်မယ်။ ဝင်ပြီးရင်လည်း Scholarship တွေ Leadership တွေ အမျိုးမျိုးပါဝင်ပြီးတော့မှ ပြန်လာမယ် Community မှာလည်း ကောင်းတာတွေလုပ်မယ်။ ကျနော်တို့နေထိုင်တဲ့ နေရာဒေသတွေမှာ လုပ်မယ်။ အဲဒါတင် မကပဲနဲ့ အမေရိကန်နိုင်ငံအတွက်ပါ ခေါင်းဆောင်တွေ ဖြစ်လာမယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ ကျနော်တို့ လုပ်နေတာဖြစ်တယ်။ ဆိုတော့ တခု ကျနော်တို့ ကောင်းတဲ့အချက်အလက်ထဲမှာ ပြောချင်တာကတော့ ၂၀၁၃ တုန်းကဆိုရင် ကျောင်ပြီးသွားပြီးတော့မှ ကော်လိပ်ထဲဝင်တာက ၄၃ ရာခိုင်နှုန်းရှိတယ်၊ အခု ၂၀၁၆ မှာဆိုရင် ၈၃ ရာခိုင်နှုန်းတက်သွားတာ အားရစရာကောင်းတယ်၊ ကျနော်တို့လည်း ဝမ်းသာတယ်။ ကျနော်တို့ ဆက်လုပ်ဖို့အလုပ်ကတော့ အများကြီးရှိသေးတယ်။ အဲလိုပဲ တိုတိုနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့ အသိုင်းအဝိုင်း ကျနော်တို့ Community အောင်မြင်နိုင်ဖို့ရာ ကျနေ်ာတို့ ကူညီတယ်လို့ ပြောပါရစေ။”

Elaisa Vahnie အမှုဆောင် ညွန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ-အမေရိကန် လူမှုရေးအသင်းဟာ Indianapolis မြို့မှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံက ရွေ့ပြောင်း အခြေချနေထိုင်တဲ့ ကျောင်းသား လူငယ်တွေအတွက် ပညာရေးဆိုင်ရာ ကိစ္စရပ်တွေအပြင်၊ တခြား လူမှုရေးကဏ္ဍမှာ လိုအပ်ချက် ရှိတာတွေကို ကူညီ ဆောင်ရွက်ပေးနေသူ တဦးဖြစ်သလို၊ မြန်မာနွယ်ဖွား လူငယ်တွေ ပညာရေးပိုင်းမှာ ထူးချွန်ပြီး လူမှုရေး နယ်ပယ်မှာ ခေါင်းဆောင်တွေ ဖြစ်လာရေးအတွက် ကူညီ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။

မြန်မာ-အမေရိကန် လူမှုရေးအသင်းကိုတော့ ၂၀၁၁ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ရွေ့ပြောင်း နေထိုင်ကြတဲ့ တိုင်းရင်း လူမျိုးစု အများစု အပါအဝင် ဒုက္ခသည်ပေါင်း ၄ ထောင်ကျော်ကို အကူအညီ ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

Elaisa Vahnie ကတော့ BACI မြန်မာ-အမေရိကန် လူမှုရေးအသင်းကို စတင် တည်ထောင်သူတွေထဲက တဦး အပါအဝင် ဖြစ်ပြီး တခြား ထူးချွန်ဆုတွေလည်း လက်ခံရရှိဖူးသူ ဖြစ်ပါတယ်။ သူဟာ Indiana တက္ကသိုလ်၊ Bloomington Campus က လူထုဆက်ဆံရေးဆိုင်ရာ မဟာဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG