သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပါတဲ့ Dabiq မြို့ကို IS ထံက ပြန်သိမ်းပိုက်နိုင်


အရေးပါတဲ့ Dabiq မြို့ကို IS ထံက ပြန်သိမ်းပိုက်နိုင်
အရေးပါတဲ့ Dabiq မြို့ကို IS ထံက ပြန်သိမ်းပိုက်နိုင်

၆ နှစ်သက်တမ်းရှိနေပြီဖြစ်တဲ့ ဆီးရီးယားပဋိပက္ခကို ဘယ်နည်းနဲ့ အဆုံးသတ်နိုင်မလဲ ဆိုတာကို ဆွေးနွေးဖို့ အမေရိကန်နဲ့ ဥရောပမဟာမိတ်နိုင်ငံတွေက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ တွေ့ဆုံနေတဲ့ တချိန်တည်းမှာပဲ တူရကီရဲ့ထောက်ပံ့မှုရထားတဲ့ ဆီးရီးယားသူပုန်အဖွဲ့က နိုင်ငံ့မြောက်ပိုင်းက အရေးပါတဲ့ Dabiq မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေ လက်ထဲကနေ ပြန်လည်သိမ်းပိုက်လိုက်ပါတယ်။

စနေနေ့က ရုရှားနဲ့ အရှေ့အလယ်ပိုင်းက ခေါင်းဆောင်တွေ ဆွစ်ဇာလန်နိုင်ငံမှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် Aleppo မြို့ကို ဝန်းရံထားတဲ့အတွက် ဆီးရီးယားနဲ့ ရုရှားကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်လာဖွယ်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တနင်္ဂနွေနေ့မှာ သတိပေးလိုက်ပါတယ်။

သူပုန်ထိန်းချုပ်နယ်မြေ Aleppo အရှေ့ပိုင်းကို အလွန်ပြင်းထန်ပြီး ဗုံးတွေအရမ်းကာရော ကြဲချခဲ့မှုတွေကို ဆီးရီးယားသမ္မတ Bashar al-Assad နဲ့ သူ့ရဲ့မဟာမိတ် ရုရှားတို့ရဲ့လက်ချက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက စွပ်စွဲ ပြောဆိုလိုက်ပြီး ဒါဟာ လူသားမျိုးနွယ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုလို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG