သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းမာမှု လျော့ပါးရေး ဒေါ်စုကြိုးပမ်းဖို့၊ ဒလိုင်းလားမား တိုက်တွန်း


တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် ဒေါ်အောင်ဆန်းစုကြည် တိုတွေ့ဆုံစဉ် (ဇွန်လ ၂၀၁၂)
တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် ဒေါ်အောင်ဆန်းစုကြည် တိုတွေ့ဆုံစဉ် (ဇွန်လ ၂၀၁၂)

မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးတင်းမာမှုတွေ လျော့ကျအောင် ကြိုးပမ်းဖို့ နိုဘဲလ်ငြိမ်းချမ်ရေးဆုရှင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သူ တိုက်တွန်း ပြောဆိုခဲ့တယ်လို့ တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောပါတယ်။

မြန်မာအစိုးရသစ်လက်ထက် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် တာဝန် ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်တဦး ဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံက လူနည်းစုမူစလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ကြား တင်းမာနေတဲ့ အခြေအနေတွေ လျော့ပါးအောင် ဆောင်ရွက်သင့်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာ သူ တိုက်တွန်းပြောဆိုခဲ့တဲ့အကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက ဝါရှင်တန်မြို့တော်မှာ ရိုက်တာသတင်းဌာနက တွေ့ဆုံမေးမြန်းချိန်မှာ ပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီကိစ္စက ရှုပ်ထွေးတဲ့ကိစ္စတခုဖြစ်တယ်ဆိုတာကို သူ့ကို ပြန် ပြောပြခဲ့တဲ့အကြောင်းနဲ့၊ သူ့အနေနဲ့ အခြေအနေကို အပြည့်အ၀ နားမလည်ပေမဲ့လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောဆို ကိုင်တွယ်ဖို့ တိုက်တွန်းခဲ့တဲ့အကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောပါတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ သံဃာတချို့ဟာ မူစလင် လူနည်းစုတွေအပေါ် အမြင်ကောင်းပုံမရဘူးလို့လည်း ဆိုပြီး ဒီလို အမြင်မကောင်းသူတွေ အနေနဲ့ ဗုဒ္ဓ ရဲ့ တရားတွေကို ပြန်လည်သတိရပြီး ဗုဒ္ဓသာရှိရင် လူနည်းစု မူစလင်မောင်နှမတွေကို ကာကွယ်ပေးမှာ သေချာ တယ်လို့လည်း ဘုန်းတော်ကြီး ဒလိုင်းလားမားက မိန့်ကြား သွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG