သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဂျပန်ခရီး အင်္ဂါနေ့ စမည်


နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်ဂျပန်နိုင်ငံခြားရေးဝန်ကြီး နှင့် အတူကျင်းပသည့် သတင်းစာရှင်းလင်းပွဲ (မေလ ၃ ရက် ၂၀၁၆)
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်ဂျပန်နိုင်ငံခြားရေးဝန်ကြီး နှင့် အတူကျင်းပသည့် သတင်းစာရှင်းလင်းပွဲ (မေလ ၃ ရက် ၂၀၁၆)

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကို ၅ ရက်ကြာခရီးစဉ်အဖြစ် နိုဝင်ဘာ ၁ ရက်နေ့မှာ စတင် သွားရောက်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံ ကို တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မှာ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

၅ ရက်ကြာ ဂျပန်ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိသလို၊ ဂျပန်ဧကရာဇ် Akihito ကြင်ယာတော် Michiko တို့နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာပဲ ဂျပန်ဝန်ကြီးချုပ်ရုံး အတွင်းဝန်ချုပ် Yoshihide Suga က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပြီး ဒီခရီးစဉ်ကနေ ဂျပန်-မြန်မာ နှစ်နိုင်ငံကြား သမိုင်းကြောင်းအရ ရင်းနှီးခင်မင်တဲ့ ဆက်ဆံရေးတွေကို ပိုမို နက်ရှိုင်းစေလိမ့်မယ် လို့လည်း ပြောပါတယ်။

ဒါဟာ ဧပြီလ မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ်တက်လာခဲ့ပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ဂျပန်ခရီးစဉ် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ ခုနှစ်က NLD ဥက္ကဌ အနေနဲ့ ဂျပန်ကို အလည်အပတ် သွားရောက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida ကလည်း မေလထဲမှာ မြန်မာနိုင်ငံကို လာရောက် ခဲ့ပြီး မြန်မာနိုင်ငံမှာ စီးပွါးရေး ဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီရေး အကောင်ထည်ဖေါ်ဖို့ ၂ နိုင်ငံ လက်တွဲ လုပ်ဆောင်ရွက်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ ၂ နိုင်ငံကြား ဖွံ့ဖြိုးရေးဆိုင်ရာ မဟာမိတ်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

ဒေါ်စု ဂျပန်ခရီး အင်္ဂါနေ့ စမည်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG