သုံးရလွယ်ကူစေသည့် Link များ

မြန်မာရုပ်သေးသဘင် ပုံဖေါ်ဖို့ ဒေါ်မမနိုင်ကြိုးပမ်းချက် (၁)


Daw Ma Ma Naing- chair of the Myanmar Puppeteer Association

အမျိုးသားတွေ အများအားဖြင့်ကြီးစိုးတဲ့ မြန်မာ့ရုပ်သေးလောကမှာ ထူးထူးခြားခြား မြန်မာအမျိုးသမီးတဦး ဦးစီးတဲ့ ရုပ်သေးအဖွဲ့ကတော့ မန္တလေးရုပ်သေးအဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံတကာကို ရှားပါးလှတဲ့ မြန်မာ့ရုပ်သေးအနုပညာကို လှည့်လည်ပြသနေပြီး အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီပြည်နယ်က ဟိုနိုလူလူနဲ့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွေမှာ လာရောက်ကပြခဲ့တာဖြစ်ပါတယ်။

မန္တလေးရုပ်သေးအဖွဲ့ကို တည်ထောင်သူ ဒေါ်မမနိုင် အနေနဲ့ တချိန်က မူလတန်းပြဆရာမ ဘ၀ကနေ နိုင်ငံတကာအဆင့် နယ်လှည့်ရုပ်သေးအဖွဲ့ ဦးဆောင်သူအဖြစ် ကြိုးစားလာရတဲ့ ဘ၀ခရီး ပထမပိုင်းကို ဒေါ်လှလှသန်းက ဒီသတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ပြထားပါတယ်။

XS
SM
MD
LG