သုံးရလွယ်ကူစေသည့် Link များ

အစိုးရသစ်ဖွဲ့ဖို့ Trump လူရွေး


Oklahoma ပြည်နယ်အုပ်ချုပ်ရေးမှူး Mary Fallin နဲ့ Texas ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Rick Perry တို့ကို Trump တွေ့ဆုံခဲ့
Oklahoma ပြည်နယ်အုပ်ချုပ်ရေးမှူး Mary Fallin နဲ့ Texas ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Rick Perry တို့ကို Trump တွေ့ဆုံခဲ့

အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump ကသူ့အစိုးရသစ်အတွက် အရေးပါတဲ့ရာထူးတာဝန်တွေအတွက် နောက်ထပ်ခန့်အပ်မှုတွေကို မကြာခင်မှာ ထပ်လုပ်သွားမှာဖြစ်ပြီး တာဝန်ပေးမယ့်သူတွေဟာ အင်မတန်တော်တဲ့သူတွေဖြစ်မယ်လို့ ကတိပေးခဲ့ပါတယ်။

သမ္မတလောင်းယှဉ်ပြိုင်မှုမှာ Trump ကို ရှုံးခဲ့သူ Texas ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Rick Perry နဲ့ Oklahoma ပြည်နယ်အုပ်ချုပ်ရေးမှူး Mary Fallin တို့နဲ့ တနင်္လာနေ့မှာ Trump တွေ့ဆုံခဲ့ပါတယ်။ Rick Perry ကို စွမ်းအင် ဒါမှမဟုတ် ကာကွယ်ရေးဝန်ကြီးအဖြစ် စဉ်းစားနေပြီး Mary Fallin ကိုတော့ ပြည်တွင်းရှိ သစ်တောနဲ့ ဘေးမဲ့တောများဆိုင်ရာ ဝန်ကြီးဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

အမေရိကန်ရွေးကောက်ခံသမ္မတ Trump ကို တောက်လျှောက် ထောက်ခံလာသူ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း Newt Gingrich နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အခုရက်ပိုင်းတွေအတွင်း Trump နဲ့ တွေ့ဆုံနေတဲ့သူတိုင်း အစိုးရအဖွဲ့ထဲမှာ ပါဝင်လာမှာ မဟုတ်ဘူးလို့တော့ Trump ရဲ့ campaign မန်နေဂျာ Kellyanne Conway ကပြောပါတယ်။ သူတို့အားလုံးအနေနဲ့ သူတို့ရဲ့ သဘောထားတွေ၊ အတေ့ွအကြုံတွေနဲ့ နိုင်ငံအတွက် သူတို့ရဲအမြင်တွေကို ကမ်းလှမ်းအသိပေးတာဖြစ်လို့ အရေးကြီးတဲ့ တွေ့ဆုံမှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်တလျှောက်လုံးမှာ Trump ဖက်က အခိုင်အမာ ကာကွယ်ခဲ့တဲ့ New York မြို့တော်ဝန်ဟောင်း Rudy Giuliani နဲ့ New Jersey ပြည်နယ် အုပ်ချုပ်ရေးမှူး Chris Christie တို့နဲ့လည်း တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးအဖွဲ့ဝင်တွေ ဖြစ်လာနိုင်သူတွေနဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံခဲ့ပြီးနောက် သဘောတူညီချက်တချို့လုပ်ခဲ့တယ်လို့ Mr. Trump က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အစိုးရသစ်ဖွဲ့ဖို့ Trump လူရွေး
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG