သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မဲမသမာမှုကိစ္စ Donald Trump ထပ်ပြော


 ရွေးကောက်ခံ သမ္မတ Donald Trump
ရွေးကောက်ခံ သမ္မတ Donald Trump

ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိကောင်းရှိနိုင်ခဲ့တယ် ဆိုတဲ့ အထောက်အထားမဲ့ စွတ်စွဲချက်တွေကို ရွေးကောက်ခံ သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ ထပ်မံ ပြောဆိုလိုက်ပါတယ်။

သူ့အနေနဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ Electroal College ရဲ့ မဲတွေကို အပြတ်အသတ် အနိုင်ရတဲ့အပြင်၊ နိုင်ငံတဝှမ်းက သန်းနဲ့ချီတဲ့ တရားမဝင် မဲတွေကို ပြန်နုတ်ရင်၊ ထောက်ခံမဲ စုစုပေါင်း Popular Vote မှာလည်း Hillary Clinon ကို သူပဲ အနိုင်ရနိုင်တယ်ဆိုပြီး Twiteer လူမှုကွန်ယက်မှာ ရေးသားထားတာပါ။

ဒီလိုရေးပြီး လေးနာရီအကြာမှာ နိုဝင်ဘာ ရှစ်ရက်နေ့ ရွေးကောက်ပွဲအတွင်း သူ Hillary Clinton ကို ရှုံးနိမ်ခဲ့တဲ့ ဗာဂျီးနီးယား၊ နယူး ဟန်ရှိုင်းယားနဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တွေက ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်လိုက်ပါတယ်။

Green Party ကိုယ်စားလှယ် Jill Stein က Trump ကပ်ပြီး အနိုင်ရခဲ့တဲ့ Wisconsin ပြည်နယ်မှာ မဲပြန်ရေတွက်ဖို့ တောင်းဆိုထားတာကို Trump က စောစောပိုင်းက ဝေဖန်ခဲ့ပါတယ်။ ဒီလို မဲပြန်ရေဖို့ တောင်းဆိုတာကို Hilalry Clinon ရဲ့ မဲဆွယ်စည်းရုံးရေးမှူးတွေ ကလည်း ပူးပေါင်းထောက်ခံထားပါတယ်။

ရွေးကောက်ပွဲ မဲပေးတဲ့ လုပ်ငန်းစဉ်မှာ မှားယွင်းမှုတွေ ရှိတယ်လို့ ရွေးကောက်ပွဲ မတိုင်ခင် ရက်တွေအတွင်း Donald Trump က ပုံမှန်ပြောဆိုခဲ့ပေမယ့် အထောက်အထားနဲ့ ပြောဆိုခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။

အခု Green Party ကိုယ်စားလှယ် Jill Stein ပြောဆိုသလို Wisconsin, ဒါမှမဟုတ် Pennsylvania နဲ့ Michigan ပြည်နယ်တွေမှာ မဲတွေ ပြန်ပြီး ရေတွက်မယ်ဆိုရင်လည်း Trump အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်အပေါ် သက်ရောက်မှု ရှိမယ့်ပုံ မတွေ့ရပါဘူး။နိုင်ငံတဝှမ်း မဲတွေမှာ Hillay Clinton ထက် ၂ သန်းကျော် လျော့နည်းခဲ့ပေမဲ့ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်တွေရဲ့ မဲတွေကို အများစု ရထားတဲ့အတွက် Donald Trump လာမယ့် ဇန်နဝါရီလမှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG