သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Dow Jones စတော့ဈေး စံချိန်ကျိုးတက်


အမေရိကန် အစုရှယ်ဈေးတွေဟာ ဗုဒ္ဓဟူးနေ့က ဈေးကွက် အရောင်းအဝယ်မှာ စံချိန်ကျိုး မြင့်တက်သွားပြီး Dow Jones စက်မှု ပျမ်းမျှ အညွန်းကိန်းဟာ ပထမဦးဆုံးအကြိမ်အဖြစ် ၂၁,၀၀၀ ကျော်နဲ့ ဈေးပိတ်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ဈေးကွက်မှာ အမေရိကန် အစုရှယ်ယာဈေးဟာ ၁.၅% နီးပါး တက်သွားခဲ့တာ ဖြစ်ပါတယ်။

အခွန်ငွေတွေနဲ့ စည်းမျဉ်းတွေ လျော့ကျ ဖြတ်တောက်ပြီး လမ်းတွေ တံတားတွေနဲ့ တခြား အခြေခံ ယန္တယား အဆောက်အဦးတွေကို ပြန်လည် တည်ဆောက်မယ့် အဓိက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ကတိပေးခဲ့တဲ့ သမ္မတ Donald Trump ရွေးကောက်ခံခဲ့ရပြီး နောက်ပိုင်း အမေရိကန် အစုရှယ်ယာ ဈေးကွက်တွေမှာ စံချိန်ကျိုး ဈေးတက်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့က ပူးတွဲ လွှတ်တော်နှစ်ရပ်မှာ မိန့်ခွန်းပြောကြားစဉ်က အထက်ပါ ကတိတွေကို Trump က ထပ်လောင်း ပြောကြားခဲ့ပေမယ့် အဲဒီ အစီအစဉ်တွေကို ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတဲ့ အသေးစိတ်တွေကို ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပါဘူး။

ဒါ့အပြင် အမေရိကန် ဗဟိုဘဏ်ရဲ့ ထိပ်တန်း အရာရှိတွေကလည်း အတိုးနှုန်းတွေ မြင့်ဖို့ နီးစပ်လာပြီလို့ ဗုဒ္ဓဟူးနေ့က ပြောခဲ့တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေကို အားတက်စေခဲ့ပါတယ်။

အတိုးနှုန်းများ မြင့်တင်ခြင်းဟာ အမေရိကန်စီးပွားရေးအနေနဲ့ အတိုးနှုန်းတွေကို နှိမ့်ချပြီး စီးပွားရေး အားကောင်းလာအောင် ပြုလုပ်ဖို့ မလိုအပ်တော့တဲ့ အရိပ်လက္ခဏာအဖြစ် ရင်းနှီးမြှုပ်နှံရှင်တချို့က ရှုမြင်ကြတာ ဖြစ်ပါတယ်။

စီးပွားရေးဖွံ့ဖြိုးမှုနဲ့ အလုပ်လက်မဲ့နှုန်း လျော့ချဖို့အတွက် စီးပွားရေး ကျဆင်းစဉ်အတွင်း အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတွေကို စံချိန်ကျိုး လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

Dow Jones စတော့ဈေး စံချိန်ကျိုးတက်
please wait

No media source currently available

0:00 0:00:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG