သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်မှာ အရေးပေါ်အခြေနေ ၃ လ ထုတ်ပြန်


Egypt's special forces members
Egypt's special forces members

အီဂျစ်နိုင်ငံမှာ သမ္မတ Abdel Fattah el-Sissi က အရေးပေါ်အခြေအနေ သုံးလ ကြေညာလိုက်ပါတယ်။အီဂျစ်နိုင်ငံက Coptic ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းနှစ်ကျောင်းမှာတနင်္ဂနွေနေ့ကအနည်းဆုံး ၄၄ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း IS အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့က ကြေညာခဲ့ပါတယ်။

Tanta မြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ St. George ဘုရားရှစ်ခိုးကျောင်းမှာ ပထမဆုံးဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အင်အားအလွန်ပြင်းထန်တဲ့အတွက် ဘုရားရှစ်ခိုးကျောင်းတခုလုံး ပြိုကျပျက်စီးခဲ့ပါတယ်။ လူပေါင်း ၂၇ ဦး သေဆုံးခဲ့ပြီး ၇၈ ဦး ဒဏ်ရာရခဲ့ကြောင်း အီဂျစ်အစိုးရပိုင် ရုပ်သံသတင်းဌာနက ကြေညာခဲ့ပါတယ်။ ဖေါက်ခွဲရေးပစ္စည်းကို ပင်မဆုတောင်းဝတ်ပြုတဲ့ခန်းမထဲက ထိုင်ခုံတခုအောက်မှာ တပ်ဆင်ထားခဲ့ကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်။

အဲဒီဗုံးပေါက်ကွဲပြီး မကြာခင်မှာပဲ Alexandria မြို့က St. Mark’s Coptic Orhodox က ဘုရားရှစ်ခိုးကျောင်းမှာ အသေခံဗုံးဖေါက်ခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီမှာ လူပေါင်း အနည်းဆုံး ၁၇ ဦးသေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီဘုရားရှစ်ခိုးကျောင်းမှာ Coptic ခရစ်ယာန်ဘာသာခေါင်းဆောင် ဒုတိယမြောက် ပုပ်ရဟန်း တိုဝါဒရို (Pope Tawardros II) ရောက်ရှိနေချိန် တိုက်ခိုက်ခံရတာဖြစ်ပြီး သူ့ကို ထိခိုက်မှုမရှိဘူးလို့ အစိုးရ ရုပ်သံသတင်းမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG