သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eisenhower Fellowships ခေါင်းဆောင်မှုသင်တန်း မြန်မာနိုင်ငံမှ ၅ ဦးစေလွှတ်မည်


Eisenhower Fellowships အစီအစဉ်အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Colin Powell ဆွေးနွေးနေစဉ်- Photo Credit to Eisenhower Fellowships
Eisenhower Fellowships အစီအစဉ်အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Colin Powell ဆွေးနွေးနေစဉ်- Photo Credit to Eisenhower Fellowships

မြန်မာနိုင်ငံမှာ အမေရိကန်အခြေစိုက် Eisenhower Fellowships အစီအစဉ်နဲ့ ပညာသင်ဆုတွေ စတင်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ် ကနေ Leadership Programme ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ပညာသင်ဆု အတွက် ပထမဦးဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံမှ သင်တန်းသား ၅ ဦးကို ရွေးချယ် စေလွှတ်မှာ ဖြစ်ပြီး သင်တန်းကာလမှာ ဒီနှစ် အောက်တိုဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ဖြစ်ပါတယ်။

ဒီအစီအစဉ်အတွက် မက်စ် မြန်မာ ကုမ္ပဏီများအုပ်စုက ထောက်ပံ့တာဖြစ်ပြီး Philadelphia မှာ ကျင်းပတဲ့ ဒီထောက်ပံံ့မှုပေးပွဲ အခမ်းအနားကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Colin Powell နဲ့အတူ မက်စ် မြန်မာကုမ္ပဏီက ဦးဇော်ဇော်လည်း တက်ရောက်ခဲ့ပါတယ်။

Eisenhower Fellowships ဥက္ကဋ္ဌ George De Lama ကတော့ အခု အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို ပထမဦးဆုံး ပေးအပ်တာ ဖြစ်ပြီး ဒီသင်တန်းကနေ အနာဂတ် လူငယ် ခေါင်းဆောင်တွေ ထွက်ပေါ်လာဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

Eisenhower Fellowships အစီအစဉ်ကနေ တခြား ကမ္ဘာ့နိုင်ငံတွေက သင်တန်းသားတွေနဲ့ တွေ့ဆုံပြီးး နိုင်ငံရေး၊ စီးပွါးရေးအမြင်တွေ ဖလှယ်နိုင်မှာ ဖြစ်သလို အတွေးအမြင်သစ်တွေနဲ့ နိုင်ငံတည်ဆောက်ရေးမှာ တဖက်တလမ်းကနေ ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

၁၉၆၅ ခုနှစ်ကစတင်ခဲ့တဲ့ ဒီအစီအစဉ်ကနေ နိုင်ငံပေါင်း ၅၅ နိုင်ငံမှာ ဦးဆောင်နိုင်စွမ်းရှိသူ ၂ ထောင်လောက်ကို မွေးထုတ်ပေးခဲ့ပါတယ်။ ဒီအစီအစဉ်အတွက် တိုင်းပြည်အတွက် ဦးဆောင်မှု ပေးနိုင်မယ့် အသက် ၃၂ နှစ်ကနေ ၄၅ နှစ် အတွင်း လူလတ်ပိုင်းတွေ ကိုရွေးချယ်တာ ဖြစ်ပြီး သူူတို့ ကျွမ်းကျင်ရာ ကဏ္ဍတွေမှာ ပိုမို စွမ်းဆောင်နိုင်မှု ရှိဖို့ ပျိုးထောင်ပေးတာ ဖြစ်ပါတယ်။

XS
SM
MD
LG