သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စွမ်းအင်မူဝါဒ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
စွမ်းအင်မူဝါဒ ညှိနှိုင်းအစည်းအဝေးတက်ရောက် ( Photo- Myanmar State Counsellor office)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စွမ်းအင်မူဝါဒ ညှိနှိုင်းအစည်းအဝေးတက်ရောက် ( Photo- Myanmar State Counsellor office)

နေပြည်တော်မှာ ဧပြီလ ၂၅ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတော် စွမ်းအင်မူဝါဒဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ ရာသီစုံ သွားလို့မရတဲ့နေရာတွေ ရှိနေတာ၊ ရာသီစုံသွားလို့ရတဲ့ လမ်းတချို့မှာလည်း လျှပ်စစ်မီး ရရှိတာတွေကို တွေ့နေရတဲ့အကြောင်း၊ လျှပ်စစ်မီးရှိရင် စီးပွားအခွင့်အလမ်းများ ရရှိလုပ်ကိုင်နိုင်မှာဖြစ်ကြောင်း၊ ပြည်ပက စီးပွားရေး လုပ်ငန်းရှင်တွေကလည်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပြီး လျှပ်စစ်မီးကောင်းမွန်စွာ ရရှိမယ်ဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံလိုစိတ် ရှိကြမှာဖြစ်ကြောင်း ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။ အစိုးရအနေနဲ့ ပြည်သူ လူထုအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး လျှပ်စစ်မီး ရရှိရေး အတွက် ဆောင်ရွက်ပေးပြီး အလုပ်အကိုင် ဖန်တီးပေးရေးကိုလည်း မျဉ်းပြိုင်သဘောမျိုး ဆောင်ရွက်သွားမယ့် အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒသစ်နဲ့ အညီ အကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းတွေကို အထောက်အပံ့ဖြစ်စေမယ့် စွမ်းအင်မူဝါဒ အဖြစ်ကျင့်သုံးရန်၊ စွမ်းအင်သယံဇာတ အရင်းအမြစ်ထုတ်ယူရာ ဒေသအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အကြား ဘက်ညီ မျှတစွာခွဲ ဝေသုံးစွဲနိုင်စေသည့် အခွင့်အလမ်းများ ဖန်တီးပေးပြီး လူ့စွမ်းအား အရင်းအမြစ် တိုးမြှင့်စေရေး ဆောင်ရွက်ရန်၊ သဘာ၀ သယံဇာတ အရင်းအမြစ်တွေကို ရေရှည် ထိန်းသိမ်းပြီး လူမှု ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်စေမယ့် စွမ်းအင်ထုတ်လုပ်မှု စတဲ့ ရည်မှန်းချက်တွေ ချမှတ် အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ ညှိနှိုင်း ဆွေးနွေးပွဲမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့က ပြည်ထောင်စု ဝန်ကြီး တွေ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေက စွမ်းအင်ဆိုင်ရာ ဝန်ကြီးများတွေက စွမ်းအင်မူဝါဒ မူကြမ်းအပေါ် သုံးသပ် အကြုံပြု တင်ပြကြပြီး တက်ရောက်လာကြသူတွေကလဲ သုံးသပ် ဆွေးနွေး ခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG