သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောကမှာ အသုံးများနေတဲ့ အီဒီယံအသုံးအနှုန်းများ


In this photo provided by South Korean Defense Ministry, a U.S. Air Force B-1B bomber, right, and South Korean fighter jets conduct a joint training exercises over the Korean Peninsula Wednesday, March 22, 2017. North Korea's latest missile launch ended in failure on Wednesday as the United States sent a supersonic bomber streaking over ally South Korea in a show of force against the North, officials said. (South Korean Defense Ministry via AP)
In this photo provided by South Korean Defense Ministry, a U.S. Air Force B-1B bomber, right, and South Korean fighter jets conduct a joint training exercises over the Korean Peninsula Wednesday, March 22, 2017. North Korea's latest missile launch ended in failure on Wednesday as the United States sent a supersonic bomber streaking over ally South Korea in a show of force against the North, officials said. (South Korean Defense Ministry via AP)
တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms ကဏ္ဍမှာ သတင်းလောကမှာ အသုံးများနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Flex one’s muscles, Draw a red line နဲ့ Give a heads up တို့ကို တင်ပြထားပါတယ်။

(၁) Flex one’s muscles

Flex (ကွေးတာ)၊ one’s (တဦးတယောက်ရဲ့)၊ muscles (ကြွက်သားတွေ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကြွက်သားတွေကို ကွေးပြတာ ဖြစ်ပါတယ်။ ဒီအသုံးက ကျမတို့မြန်မာမှာ ဗလထုတ်ပြတာနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ Power ပြတာ၊ အာဏာပြတာ၊ လုပ်နိုင်စွမ်း ဘယ်လောက်ရှိတယ်ဆိုတာကို တဘက်သားသိအောင် တခုခုလုပ်ပြတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို မကြာသေးခင်က မြောက်ကိုရီးယားက ဒုံးလက်နက်ပစ်လွှတ်ခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ Trump ကလည်း တရုတ်က ကြည့်ထိန်းရင်ထိန်း မထိန်းရင်တော့ အမေရိကန်နိုင်ငံအနေနဲ့ ထိန်းယူမယ်၊ အမေရိကန်စစ်သင်္ဘောကြီး စေလွှတ်လိုက်ပြီ စသဖြင့် အင်အားပြရမှာ သတင်းမီဒီယာတွေက Flex the President’s Muscles သမ္မတက သူ့အာဏာကို ထုတ်ပြနေတယ် စသဖြင့် ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ တဘက်မှာလည်း မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ကမကြာသေးခင်က ကျင်းပခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာဆိုရင် ဒုံးလက်နက်တွေကို ထုတ်ကြွားပြီး သူ့အင်အားကို ပြခဲ့တာကြောင့် North Korea flexes its military muscles ဆိုပြီး၊ ရည်ညွှန်းသုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း ရဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The crackdown on corruption is a sign of the new government flexing its muscles.

အဂတိလိုက်စားမှုကို နှိမ်နင်းခြင်းဟာ အစိုးရသစ်က သူ့ရဲ့ လုပ်နိုင်စွမ်းအားကိုပြလိုက်တဲ့ အရိပ်လက္ခဏာပါပဲ။

(၂) Draw a red line

Draw (ဆွဲတာ၊တားတာ)၊ a red line (အနီရောင်မျဉ်းကြောင်း) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အနီရောင်မျဉ်းကြောင်းကို ဆွဲတာ ဒါမှမဟုတ် တားတာဖြစ်ပါတယ်။ ဒီအသုံးကို နိုင်ငံရေးနဲ့ သံတမန်ရေးလောကတွေမှာ သုံးနှုန်းလာကြတာ တွေ့ရပြီး၊ အထင်ရှားဆုံးကတော့ ၁၉၇၅ ခုနှစ်က အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Yigal Allon ကနေ အာရပ်နိုင်ငံများကို သတိပေးရာမှာ အစ္စရေးကို အာရပ်နိုင်ငံတွေက ထိပါးလာရင် သည်းမခံနိုင်တော့ အနေအထားတရပ်ကို အမေရိကန်က သတ်မှတ်ပြီးသားဖြစ်တယ်လို့ ပြောရာမှာ Draw a red line ကို သုံးခဲ့တယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ ဘယ်အထိပဲ သည်းခံမယ်၊ သတ်မှတ်ထားတာထက်ကျော်ပြီး ထိပါးလာမယ်ဆိုရင် ခံမှာမဟုတ်ဘူးဆိုတဲ့သဘော ဖြစ်ပါတယ်။ အခုလက်ရှိမှာ မြောက်ကိုရီးယားက ဒုံးလက်နက်တွေ ပစ်လွှတ်တာ၊ ဗုံးတွေစမ်းသပ်ဖောက်ခွဲမယ်၊ လက်ဦးအောင်ချမယ်၊ ပြာပုံပဲကျန်စေရမယ် စသဖြင့် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အတွက်ကြောင့် သမ္မတ Trump ဘက်က ဘယ်အခြေအနေအထိ လွန်လာရင်တော့ ချမယ်ဆိုတာမျိုးကို မသတ်မှတ်ထားဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရ Sean Spicer က ပြောခဲ့တာပါ။ ဒါကြောင့် Draw a red line အီဒီယံကတော့ လူတဦးဦး ဒါမှမဟုတ် နိုင်ငံတနိုင်ငံအနေနဲ့ ဘယ်အခြေအနေအထိ သည်းခံမယ်၊ သည်းခံနိုင်စွမ်း ကုန်တဲ့အခြေအနေဟာ ဘာဖြစ်မယ်ဆိုတာကို သတ်မှတ်ရာမှာ Draw a red line ကို ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ တနည်းတော့ အနီရောင်မျဉ်းဟာ မကျော်ရသဘော ဖြစ်ပါတယ်။ Red ဆိုတဲ့ အနီရောင်ဟာလည်း အထူးအရေးကြီးတာ၊ အန္တရာယ်ကြီးတာကိုရည်ညွှန်းတာလည်း ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း ရဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

President Trump does not plan to draw any red lines threatening military action against North Korea.

သမတ Trump အနေနဲ့မြောက်ကိုးရီးယားကို စစ်ရေးအရ ခြိမ်းခြောက်ရာမှာ ဘယ်စည်းတွေကိုမကျော်ရဘူးလို့သတ်မှတ်တာမျိုးလုပ်ဖို့အစီအစဉ်မရှိဘူး။

(၃) Give a heads up

Give (ပေးတာ)၊ a heads up (ဦးခေါင်းကိုထောင်ထားတာ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ဦးခေါင်းကို ထောင်ထားဖို့ အချက်ပေးတာဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ စစ်တပ်မှာ စစ်ရေးပြရာမှာ ခေါင်းကိုမော့၊ ရင်ကိုကော့ထားဖို့ ပြောတာနဲ့တူသလို၊ Baseball ကစားရာမှာလည်း Give a heads up ကအသင်းသားတွေအနေနဲ့ နိုးနိုးကြားကြားရှိပြီး ဘော်လုံးကိုယ့်ဘက်ရောက်လာရင် အဆင်သင့်ဖြစ်ဖို့၊ သတိရှိဖို့ ပြောတာဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ ဒီအီဒီယံအသုံးက တခုခုနဲ့ ပတ်သက်လို့ ကြိုတင်သတင်းပေးတာ၊ ကြိုပြီးပြောပြထားတာ၊ ကြိုအသိပေးထားတာ၊ ကြိုသတိပေးတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump ရဲ့ အိမ်ဖြူတော်ပြောခွင့်ရ Sean Spicer က မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ အမေရိကန်က ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို သမ္မတ Trump က လူသိရှင်ကြား ထုတ်မပြောဘူး၊ ပြောရင် မြောက်ကိုရီးယားကို ကြိုတင်အသိပေးရာ ရောက်လိမ့်မယ်လို့ ပြောရာမှာ Give a heads up လုပ်မှာမဟုတ်ဘူးလို့ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း ရဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My boss gave me a heads up yesterday, that I will be getting a promotion soon.

ကျနော့်ဆရာသမားက ကျနော် မကြာခင် ရာထူးတိုးတော့မယ်လို့ ကျနော်ကိုမနေ့ ကြိုအသိပေးခဲ့တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းတွေက Flex one’s muscles, Draw a red line နဲ့ Give a head up တို့ ဖြစ်ပါတယ်။

XS
SM
MD
LG