သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ball စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Xiao Jiahua playing billiards
Xiao Jiahua playing billiards

ဒီတပတ် တင်ပြပေးမယ့် အမေရိကန် အီဒီယံအသုံးအနှုန်းများမှာ Play ball, play by the rules, နဲ့ behind the eight ball တို့ ဖြစ်ကြပါတယ်။

ဒီတပတ်မှာ ball ဆိုတဲ့ စကားလုံးကို အခြေခံတဲ့ အားကစားလောက ကလာတဲ့ စကားလုံးများကို တင်ပြပေးသွားပါမယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံစကားလုံးက play ball ဖြစ်ပါတယ်။ Play = ကစားသည်၊ Ball = ဘောလုံး တို့ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ ဘောလုံးကစားသည် ဖြစ်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ အားကစားမှာတင်မကဘဲ နေ့စဉ်ဘဝမှာ တဦးဦးနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာကို ရည်ညွှန်းပြောဆိုလို့ ရပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“The young men refused to answer the question. They did not play ball with police so they were taken to the police station for further questioning.”

“လူငယ်တွေက ရဲက မေးမြန်းတာကို မဖြေကြဘူး။ ပူးပေါင်းဆောင်ရွက်မှု မရှိကြတဲ့အတွက် စစ်ဆေးမေးမြန်းခံရဖို့ ရဲဌာနကို ခေါ်သွားခြင်း ခံကြရတယ်။”

ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးကတော့ play by the rules ဖြစ်ပါတယ်။ Rules က စည်းမျဉ်းစည်းကမ်း ဖြစ်ပါတယ်။ အများအားဖြင့် နေ့စဉ်နေထိုင်မှု ဘဝမှာ ယေဘုယျအားဖြင့် လိုက်နာသင့်တဲ့ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းတွေကို ထိန်းထိန်းသိမ်းသိမ်း နေထိုင်သွားနိုင်တာကို ရည်ညွှန်းပြောဆိုကြတာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“Playing by the rules in life is sometimes not easy, but in the long run you have less worry, less problem and more peace of mind.”

“ဘဝမှာ လိုက်နာသင့်တဲ့ စည်းကမ်းတွေကို လိုက်နာနိုင်ဖို့က တခါတလေ သိပ်တော့မလွယ်ဘူး။ ဒါပေမဲ့ အဲဒီလို လိုက်နာနေနိုင်ရင် ရေရှည်မှာတော့ အပူအပင်၊ ပြဿနာတွေ ကင်းပြီး စိတ်အေးချမ်းသားမှု ပိုရတယ်။”

နောက်ဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းကတော့ behind the eight ball ဖြစ်ပါတယ်။ Behind = နောက်မှာ၊ Eight = နံပတ် (၈) နဲ့ Ball = ဘောလုံး တို့ ဖြစ်ကြပါတယ်။ အဓိပ္ပါယ်က နံပတ် (၈) တပ်ထားတဲ့ ဘောလုံး နောက်မှာလို့ ဖြစ်ပါတယ်။ ဒီအသုံးကတော့ pool သို့မဟုတ် billiard (ဘီလီယက်) ကစားသူတွေ နားလည်းကြမှာပါ။ ဘီလီယက် ထိုးရာမှာ အရောင်ရှိတဲ့ ဘောလုံးလေးတွေ (၁) ကနေ (၁၅) အထိ ဘီလီယက်ခုံပေါ်တင်ပြီး ထိုးကစားကြရပါတယ်။ အဖြူရောင် ဘောလုံးလေးကတော့ တခြားဘောလုံးလေးတွေကို တိုက်သွင်းတဲ့ cue ဘောလုံးလေး ဖြစ်ပါတယ်။

လူနှစ်ယောက် ဘီလီယက်ကစားရာမှာ ဘောလုံး (၁) ကနေ (၁၅) လုံးမှာ တဝက်ခွဲလိုက်ရင် တဦးက (၁) ကနေ (၇) ကို သွင်းရပြီး တခြားတယောက်က (၉) ကနေ (၁၅) ဘောလုံးတွေကို သွင်းရမယ် ဖြစ်ပါတယ်။ အလယ်မှာ ကျန်နေတဲ့ (၈) ဂဏန်းကတော့ ကိုယ်သွင်းရမယ့် ဘောလုံးတွေ သွင်းပြီးမှ သွင်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်သွင်းရမယ့် ဘောလုံးတွေက အဲဒီ နံပတ် (၈) ဘောလုံးနောက် ရောက်နေရင် နံပတ် (၈) က ခံနေတဲ့အတွက် သိပ်အခြေမလှတဲ့ သဘောဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“We are really behind the eight ball from the start. So, I am very disappointed in our start; I am very disappointed in our performance in a number of our players over ninety minutes. The better team won.”

“ပွဲစကန်ကတည်းက အခြေအနေက မလှတာ။ ဒါကြောင့်မို့ ပွဲစကန်ကတည်းက ကျနော် သိပ်စိတ်ပျက်မိတယ်။ မိနစ် (၉၀) အတွင်းမှာ ကျနော်တို့ ကစားသမားအတော်များများရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့လည်း ကျနော် သိပ်စိတ်ပျက်မိတယ်။ နောက်ဆုံးတော့ ခြေသာတဲ့အသင်းက နိုင်သွားတယ်။”

XS
SM
MD
LG