သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Head စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Bury your head in the sand
Bury your head in the sand

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ (ဦးခေါင်း) လို့အဓိပ္ပါယ်ရတဲ့ Head ဝေါဟာရ ကို အခြေခံတဲ့ Head over heels, Give a heads up နဲ့ Bury your head in the sand အီဒီယံအသုံးအနှုန်းတွေကိုတင်ပြထားပါတယ်။

(၁) Head over heels

Head (ဦးခေါင်း)၊ over (ကျော်သွားတာ)၊ heels (ခြေဖနောင့်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လိမ့်ကျတာခြေဖနောင့်ကခေါင်းပေါ်ရောက်သွားတာ ဖြစ်ပါတယ်။

ရေခဲဆီးနှင်းကျတဲ့ ဆောင်းတွင်းရာသီမှာ လူတဦးအနေနဲ့ နှင်းပုံကြီးထဲ ဂျွမ်းထိုးကျသွားရင် ခေါင်းကအောက်စိုက်ပြီးခြေထောက်နှစ်ချောင်း ကအပေါ်ထောင်လျက် ဇောက်ထိုးမိုးမျှော်ကျတတ်ကြပါတယ်။ ကာလရွေ့လျောလာတာနဲ့အတူ နေ့စဉ်အသုံးမှာတော့ လူတဦးအနေနဲ့ အရူးအမူးချစ်မိတာ၊ မိုးမမြင်လေမမြင် အစွဲကြီးစွဲမိတာ ၊ အချစ်စိတ်နှင့်ဂျွမ်းပစ်ကျသွားတယ်ဆိုရင် Head over heels in love လို့ရည်ညွှန်းသုံးပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John fell head over heels in love with Mary as soon as he saw her !
John က Mary ကို မြင်မြင်ချင်းပဲ တမ်းတမ်းစွဲချစ်မိသွားတယ်။

(၂) Give a heads up

Give ကပေးတာ ၊ a တကြိမ် ၊ heads (ဦးခေါင်း) up (အပေါ်) ဆိုတော့ စကားစုတခုလုံးရဲ့တိုက်ရိုက်အဓိပ္ပါယ်ကဦးခေါင်းအပေါ်မော့ဖို့ တနည်းခေါင်းကိုထောင်ထားဖို့ သတိပေးတာ ဖြစ်ပါတယ်။ ဒီအသုံးကရှေးတုံးကစစ်တိုက်ရာမှာခေါင်းကိုမော့ထားကြဖို့အမိန့်ပေးရာကနေဆင်းသက်လာတယ်လို့ဆိုပါတယ်။ နေ့စဉ်ဘဝမှာလည်း ဒီ Idiom အသုံးကတခုခုနှင့်ပတ်သက်လို့ ကြိုတင်သတိပေးတာ၊ ကြိုပြီးပြောထားသတင်းပေးထားတာ၊ အသိပေးထားတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Hey, Mike let me give you a heads up that your boss is coming ! I just saw him around the corner.
Mike ရေ မင်းဆရာသမား မကြာခင် ရောက်လာတော့မယ်လို့မင်းကိုကြိုပြီးသတိပေးရပါစေ။ ငါသူကို ဟိုထောင့်မှာခုဘဲတွေ့ခဲ့တယ်။

(၃) Bury your head in the sand

Bury (မြှုပ်နံှတာ)၊ your (သင့်ရဲ့)၊ head (ဦးခေါင်း)၊ in (အထဲမှာ)၊ the sand (သဲ) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က သင့်ရဲ့ ဦးခေါင်းကို သဲထဲမှာ မြှုပ်ထားတာဖြစ်ပါတယ်။ ဒီအသုံးကတော့ ostrich ဆိုတဲ့ လည်ပင်းရှည်ရှိတဲ့ငှက်ကုလားအုပ်ကဆင်းသက်လာတယ်လို့ဆိုပါတယ်။ အဲဒီငှက်ဟာတခုခုအန္တရာယ်ရှိပြီဆိုရင်ထွက်ပြေးမဲ့အစား၊ သူ့ရဲ့လည်ပင်းရှည်ကိုအောက်စိုက်ပြီး ဦးခေါင်းကိုသဲထဲထိုးဖွက်လေ့ရှိတဲ့အပြုအမူမျိုးကိုလုပ်လေ့ရှိတယ်လို့ဆိုပါတယ်။ တနည်း ငှက်ကုလားအုပ်ကအန္တရာယ်ကျရောက်မယ်မှန်းသိသိကြီးနှင့်၊ မမြင်ချင် မကြားချင်တဲ့အမူအရာမျိုးပြ

နေတာဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့လူတဦးအနေနှင့် သူ့ပတ်ဝန်းကျင်အခြေအနေမှာအန္တရာယ်ရှိတဲ့အရိပ်လက္ခဏာ၊ စိုးရိမ်ရမဲ့ အနေအထားတွေ့နေရပေမယ့် ၊ ဥပက္ခာပြု၊ ဂရုမစိုက်ဘဲနေတာ၊ မသိချင်ယောင်ဆောင်တာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာလည်း အကြောင်းကြောင်းကြောင့် ပြဿနာကိုပြဿနာရယ်လို့မမြင်ဘဲ၊ သူ့ အလိုလိုကြာရင်မေ့သွားကြမယ်လို့ယူဆပြီး၊ အရေးယူဆောင်ရွက်ခြင်းမရှိတဲ့ဖြစ်ရပ်တွေလည်း မကြာခဏကြုံတွေ့ရတတ်ပါတယ်။ ဒီအသုံးနှင့်ပတ်သက်လို့ လူတဦးရဲ့ကျန်းမာရေး အခြေအနေစိုးရိမ်မကင်းဖြစ်မှုအကြောင်းသတိပေးချက် ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Stop burying your head in the sand ! If you don't stop drinking, you will soon get liver cancer.
လာမယ့်ဘေးကိုမမြင်ချင်ယောင်ဆောင်မနေနဲ့။ မင်းအရက်သောက်တာမရပ်ရင်တော့ မကြာခင် အသဲကင်ဆာ ရလိမ့်မယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Head စကားလုံးကို အခြေခံတဲ့ Idiom အသုံးတွေက Head over heels, Give a heads up နဲ့ Bury your head in the sand တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG