သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်စီးနဲသူများဆိုင်ရာ အီဒီယံအသုံးအနှုန်း


Pennies sit in a bin at the U.S. Mint in Denver, US.
Pennies sit in a bin at the U.S. Mint in Denver, US.
တိုက်ရိုက် လင့်ခ်

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ခြိုးခြံချွေတာ ကပ်စီးနဲသူများကို ရည်ညွှန်းတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Skinflint, Penny pincher နဲ့ Cheapskate တို့ကို တင်ပြထားပါတယ်။

(၁) Skinflint

Skin (အရေပြား)၊ flint (မီးခတ်ကျောက်) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အရေပြားလိုပါး နေတဲ့မီးခတ်ကျောက် ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ရှေးတုန်းက မီးခတ်ကျောက်တုံးနှစ်တုံးကို ကျောက်ကျောက်ချင်းတိုက်ပြီး မီးမွှေးရာမှာ အဲဒီ ကပ်စီးနဲ ခြိုးခြံလှတဲ့လူက ခတ်ပါများတော့အရေပြားလို ပါးလွှာလာတဲ့ မီးခတ်ကျောက်ကို မလွှတ်ပစ်ရက်ဖဲ၊ သုံးလို့ရနိုင်သရွေ့ သုံးနေတဲ့ ဖြစ်ရပ်ကနေ ဆင်းသက်လာတာပါ။ ဆိုလိုတာကတော့ ဘာပဲဖြစ်ဖြစ် အကပ်ကလေး ကျန်နေတောင်မှ မလွှတ်ပစ်ရက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ အကပ်ကလေးကျန်နေတောင်မှရနိုင်ိသရွေ့ ဆက်ပြီး သုံးနေတဲ့ အဖြစ်မျိုးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် Skinflint ရဲ့ အီဒီယံအဓိပ္ပါယ်က ကျမတို့မြန်မာမှာ ကော်တရာကပ်စီးနဲကြီးလို့ ဆိုနိုင်ပါတယ်။ သိပ်ခြိုးခြံချွေတာလှတဲ့လူဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John is a skin flint ! Rain or shine he always walks to work to save on his bus fare!
John က ကပ်စီးနဲကြီး။ မိုးရွာရွာ နေပူပူ အလုပ်ကို သူမြဲလမ်းလျှောက်သွားတယ်။ ဘတ်စကားခ သက်သာရအောင်လို့။

(၂) Penny pincher

Penny က အင်္ဂလိပ်သုံးငွေ penny အကြွေစေ့ ဖြစ်ပြီး၊ pincher (လက်နှင့်တို့ဆိတ်တဲ့လူ) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပြားစေ့ကို တို့ကနန်း ဆိတ်ကနန်းနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က ကျမတို့ မြန်မာမှာ အနီးစပ်ဆုံး တပြားနှစ်ပြား ခွါတဲ့လူနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

As a student putting herself through college, Mary is well known among her friends as a penny pincher!
ကျောင်းသူဘဝ ကိုယ့်စရိတ်နဲ့ကိုယ် ကောလိပ် တက်ရတော့ Mary ဟာ တပြားနှစ်ပြား ကြည့်သုံးနေတဲ့သူဆိုပြီး သူ့သူငယ်ချင်းတွေက သိထားတယ်။

(၃) Cheapskate

Cheap (ဈေးပေါတာ၊ အပေါစားလိုက်တာ)၊ skate က ဒီနေရာမှာ ဗြိတိသျှဘန်းစကား ရောင်းရင်း ကို ဆိုလိုပါတယ်။ ဒီတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဈေးပေါတဲ့ ရောင်းရင်း၊ အပေါစားလိုက်တဲ့ ရောင်းရင်း ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံကလည်း ရှင်းပါတယ်။ ဈေးပေါတာကိုမှ ကြိုက်နှစ်သက်တာ၊ ဈေးသက်သာတာကိုပဲကြည့်တာ ၊ တတ်နိုင်တာတောင်မှကပ်စီးနဲပြီး သက်သာတဲ့နည်းရှာသူ၊ တနည်း ကျမတို့မြန်မာမှာ အပေါစားကြိုက်တဲ့သူ ၊ ဘာမဆို ဈေးပေါမှ ဝယ်တဲ့လူမျိုးကို ဆိုလိုပါတယ်။ တခါတရံသူများ ဝယ်ကျွေးတာကိုပဲ စားနေပြီး ကိုယ်ကျွေးမယ့်အလှည့်ကျတော့မသိချင်ယောင်ဆောင်နေပြီး ကိုယ့်ပိုက်ဆံ သက်သာရလေအောင် ကပ်စီးနဲလှသူကိုလည်း Cheapskate လို့ ခေါ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe is a cheapskate! He buys things only when they are on deep discount!
Joe ကအရမ်းကိုကပ်စေးနဲတဲ့လူပါဘဲ။ ပစ္စည်းတွေဝယ်ရင်သိပ်ကိုဈေးချမှဝယ်တာ ။

ဒီသတင်းပတ် ခြိုးခြံချွေတာ ကပ်စီးနဲသူများကို ရည်ညွှန်းတဲ့ အီဒီယံအသုံးတွေဖြစ်တဲ့ Skinflint, Penny pincher နဲ့ Cheapskate တို့ကိုတင်ပြခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG