သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fallujah မှာ တိုက်ပွဲတွေကြောင့် ကလေး ၂ သောင်းနီးပါးပိတ်မိ


အီရတ်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က IS စစ်သွေးကြွတွေ လက်ထဲကို ကျရောက်ခဲ့တဲ့ Fallujah မြို့ကို ပြန်လည် သိမ်းပိုက်ဖို့ တိုက်ခိုက်မှုတွေ ပြင်းထန်နေချိန်မှာ ကလေးငယ် ၂သောင်းလောက်ဟာ မြို့ထဲမှာ ပိတ်မိနေတယ်လို့ ယူဆရပါတယ်။

ဘဂ္ဂဒက်မြို့အနောက်ဘက် ကီလိုမီတာ ၆၀ အကွာမှာ ရှိတဲ့ Fallujah မြို့ကို အီရတ် စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ စတင်ကတည်းက မိသားစုဝင် အနည်းငယ်သာ ထွက်ခွာနိုင်ခဲ့ကြပါတယ်။ အများစုကတော့ စခန်းနှစ်ခုထဲမှာ ခိုလှုံနေကြပြီး၊ ကျန်တဲ့ သူတွေကတော့ ဆွေမျိုးနီးစပ်သူတွေနဲ့ အတူနေထိုင်ကြရတယ်လို့ ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ပြောပါတယ်။

ကလေးငယ်တွေဟာ မိသားစုဝင်တွေနဲ့ ကွဲကွာသွားတာ နဲ့ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ အတင်းအကြပ် စေခိုင်းခံရတာတွေ ဖြစ်ဖို့ အန္တရာယ် ရှိနေတယ်လို့လည်း ကုလ အေဂျင်စီက သတိပေး ပြောကြားခဲ့ပါတယ်။

အစဉ်အလာအရ ဆွန်နီ မွတ်စလင်တွေရဲ့ အမာခံ ဒေသတစ်ခုဖြစ်တဲ့ Fallujah မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အပတ်ကတည်းက ထွက်ပြေး လွတ်မြောက် လာကြတဲ့ မိသားစု ၆၂၄ စု ဒါမှမဟုတ် လူဦးရေ ၃၇၀၀ လောက်ရှိသွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

အဲဒီအထဲမှာ ပိတ်မိနေတဲ့ ထောင်နဲ့ ချီတဲ့ အရပ်သား တွေကို IS တွေက လူသားတံတိုင်းတွေအဖြစ် အသုံးချမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG