သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA ဘောလုံးကျောင်း ရန်ကုန်မှာဖွင့်လှစ်


 မြန်မာ့အမျိုးသား ဘောလုံးအကယ်ဒမီ ကျောင်းဖွင့်ပွဲကို FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Gianni Infantino ကိုယ်တိုင် ဖွင့်လှစ်။ (သတင်းဓာတ်ပုံ- Myanmar Football Federation)
မြန်မာ့အမျိုးသား ဘောလုံးအကယ်ဒမီ ကျောင်းဖွင့်ပွဲကို FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Gianni Infantino ကိုယ်တိုင် ဖွင့်လှစ်။ (သတင်းဓာတ်ပုံ- Myanmar Football Federation)

ရန်ကုန်မှာ ဖွင့်လှစ်လိုက်တဲ့ မြန်မာ့အမျိုးသား ဘောလုံးအကယ်ဒမီ ကျောင်းဖွင့်ပွဲကို FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Gianni Infantino ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ဒီဖွင့်ပွဲကို FIFA ဥက္ကဋ္ဌနဲ့အတူ FIFA ကတာဝန်ရှိသူတွေ၊ အာရှနဲ့ အာဆီယံအဖွဲ့ချုပ်တွေက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။

ဒီသင်တန်းကျောင်းဟာ သင်္ကန်းကျွန်းမြို့နယ် သုဝဏကွင်းရှေ့မှာ ဆောက်လုပ် တာဖြစ်ပါတယ်။ ဒီသင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် FIFA က ထောက်ပံ့ငွေနဲ့အတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ ဧရာဝတီဖေါင်ဒေးရှင်းရဲ့ ရံပုံငွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

သင်တန်းကျောင်းအတွက် ဘောလုံးအားကစားမှာ အလားအလာရှိသူ လူငယ်တွေကို ရွေးချယ်မှာ ဖြစ်ပြီး လာမယ့်မတ်လထဲမှာ လူရွေးပွဲတွေကို မြန်မာနိုင်ငံတလွှား ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ အလားတူ သင်တန်းကျောင်း ၃ ကျောင်း ရှိလာပြီဖြစ်ပါတယ်။

မြန်မာ့ဘောလုံးအားကစားဟာ ၁၉၆၆ ကနေ ၁၉၇၀ နှစ်တွေအတွင်း အရှေ့တောင်အာရှတလွှား ၅ နှစ်ဆက်တိုက် ထိပ်ဆုံးမှာ ပြေးနေခဲ့တာ ဖြစ်ပေမယ့် အခုအချိန်မှာ FIFA ရဲ့ အဆင့် ၁၅၉ မှာရှိပြီး အဆင့်နိမ့်ကျ နေတာပါ။

မြန်မာ့ဘောလုံးအဖွဲ့ချုပ်က အသက် ၁၈ နှစ်အောက် အာဆီယံဗိုလ်လုပွဲအတွက် လူငယ်ကစားသမား အယောက် ၅၀ ကို လေ့ကျင့်သင်ကြား ပေးနေပြီး အဲဒီပြိုင်ပွဲကို စက်တင်ဘာလမှာ ကျင်းပမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG