သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရွေးကောက်ပွဲ ဆိုက်ဘာတိုက်ခိုက်ခံရ


ပြင်သစ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံး ပိုစတာလှုပ်ရှားမှုများ။
ပြင်သစ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံး ပိုစတာလှုပ်ရှားမှုများ။

ပြင်သစ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးနဲ့ ဆိုင်တဲ့ အီးမေးလ်တွေ နဲ့ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေ ပေါက်ကြားစေခဲ့တဲ့ ကြီးမားတဲ့ ကွန်ပျူတာ ဆိုက်ဘာတိုက်ခိုက်မှုတခုကို ခံခဲ့ရတယ်လို့ ပြင်သစ်ရွေးကောက်ပွဲမှာ ရှေ့ကနေပြေးနေတဲ့ သမ္မတလောင်း Emmanuel Macron ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောလိုက်ပါတယ်။

ဒီလိုသတင်းအချက်အလက်တွေ ပေါက်ကြားသွားခဲ့တာဟာ ပြင်သစ်ရွေးကောက်ပွဲလှုပ်ရှားမှုမှာ တခါမှ မကြုံဖူးကြောင်း၊ အခုလို အီးမေးလ်တွေ၊ ဘဏ္ဍာရေးနဲ့ဆိုင်တဲ့စာရွက်စာတမ်းတွေ နဲ့ တခြားအချက်အလက်တွေကို ဖွင့်ချလိုက်တာဟာ ပြီးခဲ့တဲ့အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ မြင်ခဲ့ရသလိုမျိုး၊ ဒီမိုကရေစီစနစ်ကို မတည်မငြိမ်ဖြစ်အောင်လုပ်လိုက်တာဖြစ်တယ်လို့ Macron ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ပြောပါတယ်။

အခုလို ကွန်ပျူတာထဲကနေ ခိုးယူပြီး ဖွင့်ချလိုက်တဲ့ စာရွက်စာတမ်းအထောက်အထားတွေ အားလုံးဟာ တရားဝင်ပြီး၊ သမ္မတရွေးကောက်ပွဲအတွက်လည်း ပုံမှန်လုပ်ဆောင်နေတာတွေဖြစ်တယ် ဆိုတာကို ပြသနေတာ ရှင်းတယ်လို့ Macron ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ပြောပါတယ်။ EMLEAKS လို့ သူတို့ဘာသာသူတို့ နာမည်ပေးထားတဲ့အဖွဲ့က ဒီစာရွက်စာတမ်းအချက်အလက်တွေကို သောကြာနေ့ည သန်းခေါင်မတိုင်ခင်က လူမှုကွန်ရက်ပေါ်တင်ခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဒုတိယအကျော့ကိုတော့ မနက်ဖြန်တနင်္ဂနွေနေ့မှာ လုပ်မှာဖြစ်ပြီး၊ သောကြာနေ့ည သန်းခေါင်ကျော်ကစပြီး သမ္မတလောင်း ၂ ယောက်စလုံး မဲဆွယ်စည်းရုံလို့မရသလို၊ မီဒီယာတွေကလည်း ကိုယ်စားလှယ်လောင်းတွေအကြောင်းရော ဒီ စာရွက်စာတမ်းတွေနဲ့ဆိုင်တဲ့အကြောင်းကိုပါ ဆွေးနွေးလို့ မရတော့ပါဘူး။ သောကြာနေ့ အစောပိုင်းကထုတ်ပြန်တဲ့ လူထုစစ်တမ်းအရတော့ Macron ကို ထောက်ခံသူက ၆၂ % Le Pen ကိုထောက်ခံသူ ၃၈ % ရှိတယ်လို့ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG