သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာပိတ်ဆို့မှု လျှော့ပေါ့ဖို့ အစ္စရေး သဘောတူ


ဂါဇာပိတ်ဆို့မှု လျှော့ပေါ့ဖို့ အစ္စရေး သဘောတူ
ဂါဇာပိတ်ဆို့မှု လျှော့ပေါ့ဖို့ အစ္စရေး သဘောတူ

ပါလက်စတိုင်း ဟားမတ်စ် (Hammas) လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ဒေသအပေါ် ပိတ်ဆို့ထားတာကို လျှော့ပေါ့ပေးဖို့ အစ္စရေးက သဘောတူလိုက်ပါတယ်။

ကုန်းကြောင်းနဲ့ လူသားချင်း စာနာတဲ့ ကူညီထောက်ပံ့မှုတွေ ပိုပြီးရောက်အောင် ခွင့်ပြုမှာ ဖြစ်သလို နိုင်ငံတကာ စောင့်ကြည့်မှုအောက်မှာ လုပ်နေတဲ့ အရပ်ဘက် စီမံကိန်းတွေမှာ သုံးဖို့ ပစ္စည်းတွေကိုလည်း ပိုပြီး သွင်းခွင့်ပေးမယ်လို့ အစ္စရေး ပြောခွင့်ရသူ မာ့ခ် ရီဂက်ဗ် (Mark Regev) ကပြောပါတယ်။

လက်နက်ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေကိုတော့ ဆက်ပြီး ပိတ်ပင်ထားဦးမယ်လို့ သူက ပြောပါတယ်။

အစ္စရေးတို့ လုပ်ရပ်ဟာ မလုံလောက်ဘူးလို့ ဟားမတ်စ်အဖွဲ့ကရော ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းကပါ တုံ့ပြန်ပါတယ်။ ဂျော်ဒန်အစိုးရကလည်း အလားတူ ပြောပါတယ်။

ဂါဇာဒေသအတွက် ကူညီထောက်ပံ့ရေး ပစ္စည်းတွေ တင်လာတဲ့ ရေယာဉ်တွေကို အစ္စရေးတပ်တွေက ကြားဖြတ် ဝင်စီးနင်းခဲ့စဉ် ပါလက်စတိုင်းအရေး လှုပ်ရှားသူတချို့ သေဆုံးခဲ့ရတဲ့အဖြစ် ဖြစ်ပြီးနောက်မှာ ဂါဇာဒေသအပေါ် ပိတ်ဆို့ထားမှုတွေ ဖယ်ရှားပေးဖို့ အစ္စရေးအပေါ် နိုင်ငံတကာရဲ့ ဖိအားတွေ တိုးနေပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်စနိုင်ဖို့ ၂ နိုင်ငံကြား သံတမန် ကြားခံပြီး သွယ်ဝိုက် ဆွေးနွေးမှုတွေ ပြန်လုပ်နိုင်ရေးအတွက် အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးသံတမန် ဂျော့ချ် မစ်ရှဲလ် (George Mitchell) ကလည်း အခု အရှေ့အလယ်ပိုင်း ဒေသမှာ ရောက်ရှိနေပါတယ်။

XS
SM
MD
LG