သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားငါးဖွဲ့ NCA လက်မှတ်ထိုးမည်


မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့က မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ သဘောတူရရှိခဲ့တဲ့အကြောင်း မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ၅ ဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPPမွန်ပြည်သစ်ပါတီ ရခိုင်အမျိုးသား ကောင်စီ ANC လားဟူဒီမိုကရက်တစ်အစည်းအရုံး ၊ ဝအမျိုးသားအဖွဲ့WNO တို့က အစိုးရနဲ့ NCA အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးဖို့ သဘောတူရရှိခဲ့တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရ ၁ နှစ်ပြည့်ချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ထွက်ပေါ်လာတဲ့ ကြေညာချက်ဟာ သတင်းကောင်းတခုအဖြစ်နဲ့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

NLDအရပ်သားအစိုးရ ၁ နှစ်ပြည့်အဖြစ် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားရာမှာတော့ ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး NLD အစိုးရရဲ့ ကြိုးပမ်းမှုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးထားထည့်သွင်း ပြောကြားသွားပါတယ်။ လူမျိုးပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးဟာ သိမ်မွေ့ပြီးရှုပ်ထွေးတဲ့ အတွက်အတက်အကျတွေရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြုပြောကြားသွားပါတယ်။ ဒါနဲ့ ပတ်သက်လို့ တိုင်းရင်းသားအဖွဲ့အစည်းတွေဘက်က တုံ့ပြန်တာကိုတော့ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG