သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bangladesh စားသောက်ဆိုင် IS တွေ ဓားစာခံ ဖမ်းဆီး တိုက်ခိုက်


Bangladesh စားသောက်ဆိုင် IS တွေ ဓားစာခံ ဖမ်းဆီး တိုက်ခိုက်။
Bangladesh စားသောက်ဆိုင် IS တွေ ဓားစာခံ ဖမ်းဆီး တိုက်ခိုက်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့တော်မှာရှိတဲ့ စားသောက်ဆိုင်တခုကို တိုက်ခိုက်ပြီး လူပေါင်း ၂၀ ထက်မနည်း ဓားစာခံအဖြစ် ဖမ်းဆီးထားတာဟာ သူတို့ လက်ချက်လို့ IS စစ်သွေးကြွတွေက ပြောပါတယ်။ အဲဒီ့တိုက်ခိုက်မှုမှာ လူပေါင်း ၂၀ ကျော် သေဆုံး ခဲ့တယ် လို့လည်း စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ Amaq သတင်းဌာန က ပြောပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် ရဲတွေကတော့ ရဲအရာရှိ ၂ ဦးပဲ သေဆုံးခဲ့တယ် လို့ ပြောခဲ့ပြီး သူတို့ဟာ ဓားစာခံအဖြစ် အဖမ်းခံနေရသူတွေ လွတ်မြောက်ရေး ကြိုးပမ်းနေတယ် လို့ ပြောပါတယ်။

သောကြာနေ့ ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၂၀ လောက်မှာ ဒါကာမြို့တော်က သံတမန် ရပ်ကွက်မှာ ရှိတဲ့ Holey Artisan Bakery ဆိုင်ထဲကို သေနတ်သမား ၈ ဦး ၉ဦးလောက် ဝင်ရောက်လာတယ်လို့ ရဲကပြောပါတယ်။အခုထိ ဆိုင်ထဲမှာ ပိတ်မိနေသူတွေထဲမှာ နိုင်ငံခြားသား အများအပြား ပါနေတာ ဖြစ်ပါတယ်။

ရဲက အဲဒီနေရာတဝိုက်မှာ ဝိုင်းထားလိုက်ပြီး ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ စတင်ပစ်ခတ်တဲ့ တိုက်ခိုက်သူတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြ ပါတယ်။ ညသန်းခေါင် အချိန်လောက်မှာတော့ စားသောက်ဆိုင်ဝန်းကျင်မှာ ပစ်ခတ်မှုတွေ ရပ်ဆိုင်းသွားပုံရပါတယ်။ ရဲတွေက စစ်သွေးကြွတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပြီး သူတို့ဘာကို လိုချင်တယ် ဆိုတာကို သိရအောင်လုပ်နေတယ်လို့ RAB လုံခြုံရေးဆိုင်ရာ အထူးတပ်ရင်းအကြီးအကဲက ပြောပါတယ်။

အခုလို ဓားစာခံ ဖမ်းဆီးထားတဲ့ အနေထားရောက်နေတာ မှန်ကန်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြုခဲ့ပါတယ်။ လွတ်မြောက်လာတဲ့ မုန့်ဖုတ်သမား အလုပ်သမားတဦးကတော့ သေနတ်သမားတွေဟာ ဓားစားခံတွေ အဖြစ် မဖမ်းဆီးခင်မှာ Allah Akbar - သူတို့ ဘုရား အမြင့်မြတ်ဆုံး ဖြစ်ကြောင်း အော်ဟစ်ခဲ့တယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မကြာခင် လတွေအတွင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အများအားဖြင့် ဘလော်ဂါတွေ၊ လူနည်းစု ဘာသာဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှု အများအပြားကို အိန္ဒိယတိုက်က အယ်လ်ကိုင်းဒါးအဖွဲ့ AQIS က လုပ်ဆောင်တာ လို့ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG