သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးမခဲဆေး


သွေးမခဲဆေး
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ နှလုံးရောဂါအဖြစ်များလာနေပြီး သွေးမခဲဆေး သောက်သုံးရတာလည်း များလာတာမို့ ဒီဆေးရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သိထားသင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

သွေးမခဲဆေးကို ခြေထောက်သွေးပြန်ကြောပိတ်တဲ့ ရောဂါ နဲ့ နှလုံးသွေးကြောပိတ်ရောဂါတွေ ကာကွယ် ကုသရမှာ အသုံးပြုတာအပြင် အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ နှလုံးအဆို့ရှင်တပ်ထားရတဲ့ နှလုံးရောဂါသည်တွေများလာတာအတွက် ပိုမို အသုံးပြုလာရပါတယ်။ သို့သော် သွေးတိုးသူတွေ၊ မွေးရာပါ သွေးခဲတာထိခိုက်ပျက်စီးနေသူတွေနဲ့ ခွဲစိပ်ကုသခံရသူတွေအတွက် ဒီဆေးကို သတိထားသုံးဖို့လိုတာအပြင် ကိုယ်ဝန်ဆောင်တွေအတွက် ပိုမိုအထူးသတိပြု သုံးစွဲဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဒီဆေးတွေကြောင့် သန္ဓေသားကိုထိခိုက်နိုင်လို့ပါ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့် သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG